မြိုင်မှာ နေအိမ် ၂ လုံးနဲ့ တဲ ၁ လုံးကို စစ်တပ်က မီးရှို့

မြိုင်မှာ နေအိမ် ၂ လုံးနဲ့ တဲ ၁ လုံးကို စစ်တပ်က မီးရှို့

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကျောက်ဆောက်ရွာသစ်ကျေးရွာက နေအိမ် ၂ လုံးနဲ့ တဲ ၁ လုံးကို စစ်ကောင်စီတပ်တွေက အောက်တိုဘာ ၂ ရက် မနေ့ည ၈ နာရီလောက်မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကျောက်ဆောက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။ 

အဲ့ဒီစစ်ကောင်စီတပ်တွေဟာ ကျောက်ဆောက်ရွာသစ်ကျေးရွာမှာ အောက်တိုဘာ ၁ ရက်ကတည်းက တပ်စွဲနေတာဖြစ်ပြီး မနေ့ကကာကွယ်ရေးတပ်တွေရဲ့ တိုက်ခိုက်တာကို ခံရပြီးနောက် နေအိမ်တွေကို မီးရှို့ခဲ့တာလို့ ဆိုပါတယ်။ 

“သူတို့ဘက်က အထိနာသွားလို့ထင်တယ်။ ကျနော်တို့ကို လက်နက်ကြီးတွေနဲ့ ပြန်ပစ်ပြီးတော့ ရွာရဲ့အစွန်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေ ခဏတဖြုတ်နားတဲ့ ကမ့်(တဲ)လေးတခုရှိတယ်။ အဲဒီကမ့်လေးကို မီးရှို့တယ်။ နောက်ပြီး အဲဒီကမ့်နဲ့နီးတဲ့ ရွာစပ်က နေအိမ် ၂ လုံးကို မီးရှို့သွားတာ” လို့ ကျောက်ဆောက် ပအဖ ပြန်ကြားရေးတာဝန်ခံတဦးက ပြောပါတယ်။

အိမ်တွေကို မီးရှို့ပြီးနောက် စစ်ကောင်စီတပ်တွေက အဆိုပါကျေးရွာကနေ ၆ မိုင်လောက်ဝေးတဲ့ ဝါကျရွာကို ထွက်သွားပြီး လက်ရှိမှာ ဝါကျရွာသား ၃ ဦးကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။ 

ကျောက်ဆောက်ရွာသစ်ကျေးရွာဟာ အိမ်ခြေ ၁၁၀ ဝန်းကျင်ရှိပြီး အခုလိုမီးရှို့ခံရတာ ပထမအကြိမ်ဖြစ်ပါတယ်။ အဲ့ဒီရွာရဲ့ လမ်းတဖက်မှာရှိတဲ့ ကျောက်ဆောက်ရွာမကိုတော့ စစ်ကောင်စီတပ်တွေက ၂၀၂၂ ခုနှစ် ဧပြီလနဲ့ သြဂုတ်လအတွင်းမှာ ဝင်ရောက်မီးရှို့ခဲ့တာကြောင့် နေအိမ် ၈ လုံးမီးလောင်ခဲ့တယ်လို့ သိရပါတယ်။ 

ပုံစာ - ၂၀၂၂ ခုနှစ်၊ သြဂုတ် ၅ ရက်တွင် မီးရှို့ခံရသည့် ကျောက်ဆောက်ရွာမရွာ။ (ပုံဟောင်း)

စာတည်း - လင်း 

#မြေလတ်အသံ 

#မကွေး #မြိုင် #ကျောက်ဆောက်ရွာသစ် #စစ်ကောင်စီ #မီးရှို့ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10