မြိုင်၊ ကန်နီရွာက ပျူစောထီးတပ်ဖွဲ့ကို PDF က ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်၊ ၂ ဦးသေဆုံးဟု ဆို

မြိုင်၊ ကန်နီရွာက ပျူစောထီးတပ်ဖွဲ့ကို PDF က ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်၊ ၂ ဦးသေဆုံးဟု ဆို

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီရွာက ပျူစောထီးတပ်ဖွဲ့ကို ကာကွယ်ရေးတပ်ဖွဲ့တွေက ဇွန်လ ၁၆ ရက် နေ့လယ် ၁၂ နာရီခွဲလောက်မှာ တာဝေးပစ်ရှော့တိုက်ဒုံးနဲ့ သွားရောက်ပစ်ခတ်ခဲ့တယ်လို့ PDF တပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

ကန်နီရွာကပျူစောထီးတွေကို အကွာအဝေး ၂ မိုင်အထိ ပစ်ခတ်နိုင်တဲ့ ရှော့တိုက်ဒုံး ၁၀ လုံးနဲ့ သွားရောက်ပစ်ခတ်ခဲ့တာကြောင့် ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ ဆိုပါတယ်။

“ပျူရွာက ကြီးတယ်၊ ကျနော်တို့က တမိုင်ခွဲလောက်အကွာကနေ သွားပစ်တာ။ ပျူ ၂ ယောက်သေတယ်လို့ သိရတယ်။ အခုကန်နီမှာက စစ်**အစစ်က ၇ ကောင်ပဲရှိတယ်လို့ကြားတယ်။ ကျန်တာက နယ်ခံပျူတွေပဲ” လို့ PRDF သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုဂျိုးဇက်က မြေလတ်အသံကို ပြောပါတယ်။

ကန်နီရွာရှိ စစ်ကောင်စီတပ်သားတွေနဲ့ပျူစောထီးတွေမှာ ရိက္ခာတွေပြတ်လတ်နေကြောင်း သတင်းရတဲ့အတွက် သွားရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး ပျူစောထီးတွေဘက်ကလည်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

ပစ်ခတ်မှုကို Phoenx Ranger (PRDF)နဲ့ Royal Defence Force (RDF) တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး အမေစုမွေးနေ့အကြိုအတွက် သွားရောက်ပစ်ခတ်တာလည်းဖြစ်တယ်လို့ ဆိုပါတယ်။

PRDF တပ်ဖွဲ့ဟာ ဇွန်လ ၁၁ ရက်ကလည်း ပခုက္ကူမြို့နယ်၊ ပန်းတိုင်းခြုုံရွာမှာရှိတဲ့ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို သွားရောက်ပစ်ခတ်ခဲ့လို့ စစ်ကောင်စီတပ်သား ၉ ဦးသေဆုံးခဲ့တယ်လို့ ထုတ်ပြန်ရေးသားထားပါသေးတယ်။

 

ပုံစာ - ကန်နီပျူစောထီးရွာကို ကာကွယ်ရေးတပ်တွေ တိုက်ခိုက်နေစဥ်။ 

 

စာတည်း − ရင်ငြိမ်း

#မြေလတ်အသံ

#မကွေး #မြိုင် #ကန်နီပျူစောထီးရွာ #ရှော့တိုက်ဒုံး #PRDF #စစ်ကောင်စီတပ် #ထိခိုက်မှု

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10