မြောက်ခင်ရန်း မီးရှို့သတ်ဖြတ်မှုမှာ ပါဝင်ပတ်သက်တယ်လို့ သတင်းထွက်နေတဲ့အမျိုးသမီး ဖမ်းဆီးခံရ

မြောက်ခင်ရန်း မီးရှို့သတ်ဖြတ်မှုမှာ ပါဝင်ပတ်သက်တယ်လို့ သတင်းထွက်နေတဲ့အမျိုးသမီး ဖမ်းဆီးခံရ

 

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းရွာမှာ PDF ရဲဘော် ၂ ဦး မီးရှို့သတ်ဖြတ်မှုမှာ ပါဝင် ပတ်သက်တယ်လို့ သတင်းထွက်နေတဲ့ အမျိုးသမီးတဦးကို ကာကွယ်ရေးတပ်ဖွဲ့တွေက ဖမ်းဆီးထိန်းသိမ်းထားပြီး စစ်ဆေးမေးမြန်းမှုတွေ လုပ်နေတယ်လို့ ကလေးကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။ 

အဖမ်းခံရသူမှာ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ကံပုလဲကျေးရွာက ဒေါ်သီသီအေး (ခေါ်) မယ်သီ ဖြစ်ပြီး ဖေဖော်ဝါရီ ၁၀ ရက် ဒီမနက် ၁ နာရီလောက်က သူ့အိမ်မှာ ဝင်ဖမ်းခဲ့တာလို့  ဆိုပါတယ်။ 

“သူအိမ်ထိ ဝင်ဖမ်းတာပါ။ အခုလောလောဆယ်တော့ သူ့ကို တရားဥပဒေနဲ့အညီ တရားစွဲ အရေးယူဖို့လုပ်နေပါတယ်” လို့ ကလေးကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

မြောက်ခင်ရန်းကျေးရွာက ပျူစောထီးတွေဟာ တိုက်ပွဲမှာ ဖမ်းဆီးရမိထားတဲ့ ယောကာကွယ်ရေးတပ် - YDF က ရဲဘော် ၂ ဦးကို သံကြိုးတွေနဲ့တုပ်ကာ ညှင်းပမ်းနှိပ်စက်ပြီး အရှင်လတ်လတ် မီးရှို့သတ်ခဲ့တာပါ။

အဲ့ဒီဖြစ်စဥ်ဖြစ်ပြီးနောက် ဒေါ်သီသီအေးဟာ သူရဲ့ဆိုရှယ်မီဒီယာပေါ်မှာ စစ်ကောင်စီနဲ့ ပျူစောထီးတွေရဲ့ လုပ်ရပ်ကို ဂုဏ်ယူဝမ်းမြောက်ကြောင်း ပိုစ့်တွေလည်း တင်တာတွေ့ရတယ်လို့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ နီးစပ်သူတဦးက ပြောပါတယ်။ 

“မြောက်ခင်ရန်း မီးရှို့မှုပြီးတော့ သူက ဂုဏ်ယူဝမ်းမြောက်ကြောင်းတွေ တင်တယ်၊ အဲ့ဒီကိစ္စကို သူစီစဉ်သလိုမျိုးလည်း တင်တယ်။”လို့ တပ်ဖွဲ့တွေနဲ့ နီးစပ်သူ အမျိုးသမီးတဦးက ပြောပါတယ်။

ဒေါ်သီသီအေးဟာ ကြံ့ခိုင်ရေးပါတီဝင်တဦးဖြစ်ပြီး ဆိုရှယ်မီဒီယာပေါ်မှာလည်း စစ်တပ်ထောက်ခံ ကြောင်းပို့စ်တွေ အမြဲမပြတ် ရေးသားလေ့ရှိပြီး အမျိုးသားဖြစ်သူမှာလည်း စစ်ကောင်စီတပ်ရဲ့ အရာရှိတဦးဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #မြောက်ခင်ရန်း #ကာကွယ်ရေးရဲဘော်၂ဦးသတ်ဖြတ်မှု #မယ်သီ #အဖမ်းခံရ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10