မြောက်ခင်ရန်းမှာ YDF ရဲဘော် ၂ ဦး မီးရှို့သတ်ခံရတာကို မကျေနပ်လို့ တောင်ကိုရီးယားမှာ ဝတ်ပြုဆုတောင်းဆန္ဒပြ"(ရုပ်/သံ)

မကွေးတိုင်း မြောက်ခင်ရန်းရွာမှာ YDF ရဲဘော် ၂ဦး မီးရှို့သတ်ခံလိုက်ရတဲ့အပေါ် တောင်ကိုရီးယားရောက် မြန်မာတွေ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ 

ရဲဘော်၂ဦး အရှင်လတ်လတ်မီးရှို့သတ်ခံရတာကို မကျေနပ်လို့ Global Yaw Funding Korea အဖွဲ့က ဦးဆောင်ကာ ကိုရီးယားနိုင်ငံအတွင်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ ထောက်ပို့ရဲဘော်တွေနဲ့ ကိုရီးယားနိုင်ငံရောက် ယောသူယောသားတွေ ပူးပေါင်းကာ မတ်လ၃ရက်က ကိုရီးယားစံတော်ချိန် နေ့လည် ၁ နာရီခန့်မှာ ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဆိုးလ်မြို့ မြန်မာစစ်သံရုံးရှေ့မှာစုဝေးကာ နေ့လည် ၁ နာရီခွဲအချိန်က စတင်ကာ လမ်းလျှောက်ဆန္ဒပြခဲ့ပြီး ပတ်စပို့စ်ဗီဇာထုတ်ပေးတဲ့ မြန်မာသံရုံးရှေ့မှာ နေ့လယ် ၃ နာရီခန့် အထိ ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။

အဲ့ဒီနေ့က ဆန္ဒပြပွဲကို တိဘက်ဝတ်ပြုဆုတောင်းနည်းကိုအသုံးပြုကာ ခြေလှမ်း ၃လှမ်း လှမ်းပြီးတိုင်း ၁ကြိမ်ဝပ်ပြုဆုတောင်းတဲ့ နည်းလမ်းနဲ့ ဆန္ဒထုတ်ဖော်ခဲ့တာလို့ ဆိုပါတယ်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၇ ရက်က မြောက်ခင်ရန်းရွာတိုက်ပွဲအတွင်း ပျူစောထီးတွေရဲ့ ဖမ်းဆီးတာကိုခံခဲ့ရပြီး YDF တပ်ရင်းက ရဲဘော် ဖိုးတေနဲ့သားထောင်တို့ ၂ယောက်ကို စစ်သားနဲ့ပျူတွေက ခန္ဓာကိုယ်ကို သံကြိုးတုတ် ရိုက်နှက်ရုံမက တရွတ်တိုက်ဆွဲပြီး သစ်ပင်မှာချိတ်ဆွဲကာ အသက်ရှင်လျက် မီးရှို့သတ်ဖြတ်ခဲ့ကြတာပါ။

တည်းဖြတ်- HP

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10