မြောင်က ကြားကာလကျောင်းမှာ အမျိုးသားနေ့အထိမ်းအမှတ်ပြုလုပ်

မြောင်က ကြားကာလကျောင်းမှာ အမျိုးသားနေ့အထိမ်းအမှတ်ပြုလုပ်

 

 

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကြားကာလပညာရေး အထက်တန်းကျောင်းတကျောင်းမှာ ဒီဇင်ဘာလ ၇ ရက် ဒီနေ့မှာကျရောက်တဲ့ အမျိုးသားနေ့အထိမ်းအမှတ်အဖြစ် လှုပ်ရှားမှုတခုကို ပြုလုပ်ခဲ့တယ်လို့ Youths for Community - YfC Myaung အဖွဲ့ဆီက သိရပါတယ်။

ဒီလှုပ်ရှားမှုမှာ ကျောင်းသားကျောင်းသူ ၁၀၀ ခန့်အပါအဝင် မြောင်လူငယ်ကွန်ယက်အဖွဲ့ - YfC၊ LGBT တက်ကြွလှုပ်ရှားအဖွဲ့တို့ ပူးပေါင်းပြီး မနက် ၁၀ နာရီမှာ ပြုလုပ်ခဲတာလို့ ဆိုပါတယ်။

"အမျိုးသားရေးဆိုတာက သာမှန်နေ့ရက်တရက်မဟုတ်ပါဘူး။ ဒါကို ကျောင်းသား လူငယ်တွေကို သိစေချင်လို့ အမျိုးသားနေ့အထိမ်းအမှတ်အနေနဲ့ လုပ်ခဲ့တာပါ" လို့ Youths for Community - YfC Myaung အဖွဲ့ဝင် ကိုကောင်းကောင်းက ပြောပါတယ်။

ကျောင်းသားလူငယ်တွေကိုယ်တိုင် အမျိုးသားရေးစိတ်ဓာတ်တွေ ကိုယ်စီဆွဲကိုင်ထားနိုင်ဖို့ လှုံ့ဆော်တဲ့အနေနဲ့ ဒီလှုပ်ရှားမှုကို လုပ်ခဲ့တာလို့ သူကဆက်ပြောပါတယ်။

အဲ့ဒီလှုပ်ရှားမှုမှာ အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီပညာရေး၊ ဖက်ဆစ်နယ်ချဲ့ ဆန့်ကျင်ရေး၊ အာဏာရှင်မှန်သမျှကျဆုံးရေးအတွက် တော်လှန်တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့သူတွေကို ဦးညွှတ် အလေးပြုခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြောင်လူငယ်ကွန်ရက်က အမျိုးသားရေးစိတ်ဓာတ် ဆွဲကိုင်တော်လှန်စိတ်ပြင်းပြစေဖို့ ခွန်အားပေးစကားနဲ့ ဗမာပြည်လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ပေးပို့တဲ့ "အမျိုးသားနေ့" သဝဏ်လွှာကို ဖတ်ကြားခဲ့သလို LGBT တချို့ကလည်း အမျိုးသားနေ့နဲ့ သမဂ္ဂသမိုင်းတွေကို ပြန်လည်မျှဝေ ပေးခဲ့တယ်လို့ သိရပါတယ်။

 

စာတည်း - လင်း 

 

#မြေလတ်အသံ

#စစ်ကိုင်း #မြောင် #ကြားကာလ #အမျိုးသားနေ့ #အထိမ်းအမှတ် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10