မြောင်နယ်မှာ လိင်စိတ်ခံယူချက်ကွဲပြားသူတွေအကြောင်း အသိပညာပေးလှုပ်ရှားမှုပြုလုပ်(ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ်အတွင်းရှိ ကျေးရွာတရွာမှာ ဇွန်လ ၂၂ ရက် ညနေ ၅ နာရီခန့်က လိင်စိတ်ခံယူချက်ကွဲပြားသူတွေနဲ့ပတ်သက်ပြီး အသိပညာပေးလှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

နှစ်စဉ် နှစ်တိုင်း ဇွန်လတလလုံးကို လိင်စိတ်ခံယူချက်ကွဲပြားသူများ LGBTIQ များအတွက် ဂုဏ်ယူ ချီးမွမ်းဖွယ်ရာလ Pride Month အဖြစ် ကမ္ဘာတဝှမ်းမှာ ဂုဏ်ပြုအသိမှတ်ပြုထားတာပါ။

LGBTIQ များရဲ့ ဖြစ်တည်မှုဟာ ဂုဏ်ယူစရာဖြစ်ကြောင်း အသိအမှတ်ပြုပြီး သူတို့အပေါ်ခွဲခြားနှိမ့်ချ ဆက်ဆံတာတွေ၊ တန်းတူမညီမျှမှုတွေနဲ့ ခွဲခြားဆက်ဆံမှုတွေလျော့ကျလာဖို့အတွက် အသိပညာပေး လှုံ့ဆော်မှုတွေကို ကမ္ဘာတဝှမ်း ကျင်းပြုလုပ်ကြတယ်လို့ ဦးဆောင်သူ LGBT တဦးကပြောပါတယ်။

Pride Month စတင်ဖြစ်ပေါ်လာပုံကတော့ ၁၉၆၉ ခုနှစ် ဇွန်လ ၂၈ ရက် အမေရိကန်နိုင်ငံက Stonewall Bar ကို ရဲတပ်ဖွဲ့ဝင်တွေက အင်အားသုံးစီးနင်းပြီး ဘားမှာရှိတဲ့ LGBTIQ တွေကိုအကြမ်းဖက် ရိုက်နှက်ဖမ်းဆီးခဲ့တဲ့ ကိစ္စကို တုံ့ပြန်ဆန္ဒပြတဲ့ Stonewall Movement ကနေ စတင်ခဲ့တယ်လို့ ဆိုပါတယ်။

LGBTIQ များအပေါ်ခွဲခြားဆက်ဆံနေမှုများဟာ ယနေ့အချိန်ထိ မြန်မာနိုင်ငံအပါအဝင် နိုင်ငံအများအပြားမှာရှိနေဆဲဖြစ်ပြီး သူတို့ရဲ့ စစ်မှန်တဲ့လူ့အခွင့်အရေးကို ရရှိနိုင်ဖို့ကြိုးစားနေရဆဲဖြစ်တယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာရှိတဲ့ LGBTIQ  တွေဟာ သူတို့ရဲ့ ဖြစ်တည်မှုကို လက်ခံနိုင်စေဖို့နဲ့ တန်းတူလူ့အခွင့်အရေးတွေရရှိဖို့အတွက် တိုက်ပွဲဝင်တောင်းဆိုနေကြသလို နွေဦးတော်လှန်ရေးစကတည်းက ပြည်သူတွေနဲ့အတူ လက်တွဲပြီး စစ်အာဏာရှင်ကို တွန်းလှန်ရာမှာလည်း တက်ကြွစွာနဲ့ ရှေ့တန်းက ပါဝင်နေသူတွေပါ။

အသိပညာပေးလှုပ်ရှားမှုမှာ LGBT မိသားစုဝင် ၅၀ ဦးခန့်တက်ရောက်ခဲ့ပြီး သိမှတ်ဖွယ်ရာများ၊ဇာတ်လမ်းတိုများကို ပရိုဂျက်တာနဲ့ ရှင်းလင်းပြသကာ ည ၈ နာရီမှာ ပြီးဆုံးခဲ့တယ်လို့ သိရပါတယ်။

တည်းဖြတ်-HP

#မြေလတ်အသံ

 

#စစ်ကိုင်း #မြောင် #LGBT #လှုပ်ရှားမှုကာလ #အသိပညာပေး #မြေလတ်သတင်း #ရုပ်သံသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10