မြောင်နယ်မှာ ထိတွေ့ပစ်ခတ်မှုဖြစ်ပြီး အိမ်ခြေ ၂၀ နီးပါးကို မီးရှို့ဖျက်ဆီးသွား

မြောင်နယ်မှာ ထိတွေ့ပစ်ခတ်မှုဖြစ်ပြီး အိမ်ခြေ ၂၀ နီးပါးကို မီးရှို့ဖျက်ဆီးသွား

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ မရိုးကုန်းကျေးရွာနားမှာ ထိတွေ့ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီက မရိုးကုန်းရွာက အိမ်ခြေ ၂၀ နီးပါးကို မီးရှို့ဖျက်ဆီးသွားတယ်လို့ PDF တပ်ဖွဲ့ဝင်ထံက သိရပါတယ်။

ဖေဖော်ဝါရီလ ၁၂ ရက် မနေ့ကအစောပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဟာ မြောင်လမ်းခွဲကနေ ခြောက်ဘီးကားနဲ့လာပြီး ညနေ ၄ နာရီ‌လောက်မှာတော့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ မရိုးကုန်းကျေးရွာဘက်ကို စစ်ကြောင်းထိုးလာချိန်မှာ ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ ဗိုလ်တောက်ထွန်းက ပြောပါတယ်။

"ထိတွေ့ပစ်ခတ်မှု ဖြစ်တာက ပြည်သူ့‌‌ကျေးရွာ ကာကွယ်ရေးတပ်ဖွဲ့ နဲ့ အခြားဒေသကာကွယ်ရေးတပ်ဖွဲ့ တွေနဲ့ပါ။ သူတို့(စစ်ကောင်စီ)တွေက အင်အား ၆၀ နီးပါး ရှိတယ်။ ပစ်ခတ်မှုက ၁ နာရီ ကြာသွားတယ်။ ပစ်ခတ်မှု ဖြစ်ပြီးတော့ ရွာထဲကိုဝင်ပြီး မီးရှို့တာပဲ" လို့ ဆိုပါတယ်။

မရိုးကုန်းကျေးရွာကို မီးရှို့ဖျက်ဆီးပြီးနောက် စစ်ကောင်စီစစ်ကြောင်းဟာ ညနေ ၆ နာရီလောက်မှာ ကျေးရွာထဲကနေပြန်လည်ထွက်ခွာသွားတယ်လို့ အဲဒီတပ်ဖွဲ့ဝင်က ဆက်ပြောပါတယ်။

"ကျတော်တို့တွေက သူတို့ထွက်သွားပြီးတာနဲ့ ရွာထဲကို မီးဝင်ငြိမ်းတယ်။ ရွာသားတချို့ကတော့ ရွာထဲကို ပြန်လာနေပါပြီး တချို့ကတော့ ကြောက်လို့ တောတွေထဲမှာ နေနေတုန်းပဲ" လို့ ဆိုပါတယ်။

အိမ်ခြေ ၂၀၀ ကျော်ရှိတဲ့ မရိုးကုန်းကျေးရွာထဲကို စစ်ကောင်စီတပ်ဖွဲ့တွေ စစ်ကြောင်းထိုး ဝင်‌ရောက်တာဟာ ၃ ကြိမ်မြောက်ရှိပြီဖြစ်ပြီး ပထမအကြိမ် မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်ပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10