မြောင်နယ်မှာ မြစ်ရေတက်လို့ ရွှေ့ပြောင်းနေရတဲ့ စစ်ရှောင်တွေကို ကူညီထောက်ပံ့နေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်းမှာ စစ်ရှောင်နေရတဲ့ ပြည်သူတွေကို ဇူလိုင် ၄ ရက်က အာဟာရဒါန ထမင်းဟင်းကျွေးမွေးခဲ့တယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနဲ့လုံခြုံရေးအဖွဲ့ CDSOM တပ်ဖွဲ့ဆီက သိရပါတယ်။

စစ်ရှောင်တွေဟာ ၂၀၂၃ နိုဝင်ဘာလလယ်ပိုင်းကစတင်ကာ နေရပ်ဖြစ်တဲ့ မန္တလေးတိုင်းထဲကနေ စွန့်ခွာခဲ့ကြရပြီး မြောင်မြို့နယ်၊ ဧရာဝတီမြစ်ကြောင်းတနေရာ ရေလယ်ကျွန်းသောင်ခုံတွေမှာ စစ်ရှောင်နေကြရတာပါ။

ဇူလိုင်လဆန်းကစတင်ကာ မြစ်ရေတက်လာပြီး အနိမ့်ပိုင်းသောင်ခုံတွေ ရေနစ်မြုပ်နေတာကြောင့် အမြင့်ပိုင်းနေရာတွေကို ပြောင်းရွှေ့နေကြရသလို စားနပ်ရိက္ခာအကူအညီတောင်းခံလာလို့ အာဟာရဒါန ပြုလုပ်ခဲ့တာလို့ CDSOM တာဝန်ခံ ကိုနွေဦးက ပြောပါတယ်။

ဒါ့အပြင် စစ်ရှောင်ကျေးရွာ ၅ ရွာက အိမ်ထောင်စု ၂၀၀ ကျော်ကိုအိမ်ထောင်စုတစုကို ဆန် ၄ ပြည်၊ ဆီ ၅၀  ကျပ်သားနှုန်းနဲ့ ထောက်ပံ့ပေးခဲ့သလို လူတဦးချင်းစီကိုလည်း ထမင်းဟင်းလျာ ၁ ဘူးစီကို  မြောင်လူငယ်ကွန်ယက်အဖွဲ့ Youth for Community - YfC အဖွဲ့နဲ့အတူ မျှဝေကျွေးမွေးခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ စစ်ရှောင်ပြည်သူတွေအနေနဲ့ ရေလုပ်ငန်းတွေလုပ်ကိုင်နေကြသလို အနီးဝန်းကျင်ရှိ ကျေးရွာတွေမှာ လယ်ယာအလုပ်တွေကို လုပ်ကိုင်နေကြရတာပါ။

ဇူလိုင် ၅ ရက်ကလည်း စစ်ရှောင်မိသားစုဝင်တွေထဲက ပညာသင်ကြားနေတဲ့ ကျောင်းသား/သူတွေအတွက် ထမင်းဘူးတွေကို မြောင်လူငယ်ကွန်ယက်အဖွဲ့ Youth for Community - YfC က ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ်- ငြိမ်းဇော်

#မြေလတ်အသံ

#စစ်ကိုင်း #မြောင် #စစ်ရှောင်ပြည်သူ #ကျွေးမွေးထောက်ပံ့ #YfC #CDSOM 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10