မြောင်မြို့နယ်မှာ  ဆရာများနေ့အဖြစ် သစ်ပင်စိုက်တာနဲ့ ဖန်တီးမှုစွမ်းရည်ပြပွဲတွေ ပြုလုပ်

မြောင်မြို့နယ်မှာ  ဆရာများနေ့အဖြစ် သစ်ပင်စိုက်တာနဲ့ ဖန်တီးမှုစွမ်းရည်ပြပွဲတွေ ပြုလုပ်

စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ်ရှိ ကြားကာလစာသင်ကျောင်းတွေမှာ စက်တင်ဘာ ၅ ရက်၊ ကမ္ဘာ့ဆရာ/ဆရာမများနေ့ အထိမ်းအမှတ် ကျောင်းသားကျောင်းသူတွေရဲ့ ကိုယ်စွမ်း၊ ဥာဏ်စွမ်းရှိဖို့ လှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့တယ်လို့ Myaung Education Network မြောင်ပညာရေးကွန်ရက်အဖွဲ့ထံက သိရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံ ပညာရေးဝန်ကြီးဌာနက စာသင်ကျောင်း ၇ ကျောင်းမှာ ကလေးတွေရဲ့ စွမ်းဆောင်ရည်တွေ မြင့်မားလာဖို့နဲ့ အသိပညာဗဟုသုတတွေ တိုးလာစေဖို့ လှုပ်ရှားမှုတရပ်အနေနဲ့ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

"ကလေးတွေကို ကိုယ်စွမ်းဉာဏ်စွမ်း ရှိစေချင်တယ်။ ဒီလှုပ်ရှားမှုကနေ ဗဟုသုတရဖို့ မျှဝေပေးရတာပါ။ သူတို့အိမ်ကယူလာတဲ့ သစ်ပင်တွေလည်း စိုက်ပျိုးဖြစ်ခဲ့တယ်" လို့ မြောင်ပညာရေးကွန်ရက်အဖွဲ့ ဆရာမတဦး က မြေလတ်အသံကို ပြောပါတယ်။

ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အဖြစ် မြောင်ပညာရေးကွန်ရက်ကျောင်းတွေမှာ စာစီစာကုံး၊ ပန်းချီ၊ စကားရည်လု၊ ကဗျာရွတ်ဆိုပြိုင်ပွဲ နဲ့ သစ်ပင်စိုက်ပျိုးတဲ့ လှုပ်ရှားမှုတွေပြုလုပ်ပေးခဲ့တယ်လို့ သူမက ဆက်ပြောပါတယ်။

ကျောင်းဝန်းအတွင်းမှာလည်း ကျောင်းသားကျောင်းသူတွေ အိမ်ကယူလာတဲ့ သရက်၊ ဗန်ဒါ ၊ စံပယ်၊ ကံကော်နဲ့ တခြားအလှစိုက်ပင်တွေကို ဆရာဆရာမတွေနဲ့ စုပေါင်းစိုက်ပျိုးခဲ့ကြတယ်လို့ဆိုပါတယ်။

မြောင်ပညာရေးကွန်ရက်အဖွဲ့အနေနဲ့  NUG, MOE ဌာနရဲ့ စည်းမျဥ်းတွေနဲ့အညီ မူ၊ လယ်၊ထက် အခြေခံပညာကျောင်းတွေမှာ သင်ကြားပေးနေကာ ကျောင်းစုစုပေါင်း ၃၁ ကျောင်းရှိပြီး၊ ကျောင်းသား/သူ ဦးရေ ၂၅၀၀ ကျော်ကို ဆရာ၊ဆရာမ ၄၅၀ ကျော်နဲ့ သင်ကြားပေးနေတယ်လို့ ဆရာမက ပြောပါတယ်။

မြောင်နယ်ဒေသမှာ သဘာဝသစ်တောသစ်ပင်ရှိသော်လည်း၊ ရာသီဥတုဖောက်ပြန်နေတာတွေ ကြုံတွေ့နေတယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #ပညာရေး #ကြားကာလ #NUG #မြောင် #စစ်ကိုင်းတိုင်း #ဆရာများနေ့ #စိုက်ပျိုးရေး #ဖန်တီးမှု

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10