မြောင်မြို့မရဲစခန်းကို Drone ဗုံးနဲ့တိုက်ခိုက်သလို သတိပေးစာတွေလည်း ကြဲချ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မြောင်မြို့မရဲစခန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက Drone ဗုံးနဲ့သွားရောက်ပစ်ခတ်ခဲ့သလို လက်ကမ်းစာစောင်တွေကိုလည်း ကြဲချခဲ့တယ်လို့  စစ်ကိုင်းခရိုင်အမှတ် ၄ တပ်ရင်း - MSPDF တပ်ဖွဲ့ဆီ က  သိရပါတယ်။

အဲ့ဒီ ရဲစခန်းကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက နိုဝင်ဘာ ၂၆ ရက် မနက် ၉ နာရီလောက်ကနေ ၁၀ နာရီအထိ Shar Htoo WAW နည်းပညာတိုက်ခိုက်ရေး Fixed Wing Drone တွေ နဲ့ Air BOMB  ၈ လုံးကြဲချတိုက်ခိုက်ခဲ့တာလို့ MSPDF ပြန်ကြားရေးတာဝန်ခံ မလွင်ဂူးက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်သားတွေ အနေနဲ့လည်း အလင်းဝင်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံဖို့ အချိန်မီသေးကြောင်းစာပါ လက်ကမ်းစာစောင်တွေကိုလည်း ကြဲချခဲ့တယ်လို့ သူမက ဆိုပါတယ်။

မြို့မရဲစခန်းမှာ စစ်ကောင်စီအင်အား ၉၀ ဝန်ကျင်းရှိပြီး အဲ့ဒီထဲက CDM မပြုလုပ်ရသေးတဲ့ စစ်ကောင်စီတပ်သားတွေ အနေနဲ့လည်း ပြည်သူတွေမုန်းတဲ့ စစ်သားတွေမဖြစ်ဖို့ အမြန်ဆုံးပြည်သူတွေ နဲ့ ပူးပေါင်းပါဝင်ပေးကြဖို့ကိုလည်း တိုက်တွန်းပြောဆိုပါတယ်။

တိုက်ခိုက်မှုကိုတော့ စစ်ကိုင်းခရိုင် အမှတ် ၄ တပ်ရင်း-MSPDF / MSDF နဲ့အတူ  မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်း၊ တပ်ခွဲ ၁ - မြေလတ် PDF ၊ မြင်းခြံခရိုင်အမှတ် ၈ တပ်ရင်း- NRDF၊ မိတ္ထီလာခရိုင်အမှတ် ၃ တပ်ရင်း၊ ချောက် PDF၊ CDSOM 007 တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ရုပ်သံသတင်း #မြေလတ်သတင်း #စစ်ကိုင်းတိုင်း #မြောင် #မြို့မရဲစခန်း #တော်လှန်ရေးအင်အားစု #ဒရုန်း #ဗုံးကြဲတိုက်ခိုက်မှု #စစ်ကောင်စီ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10