မြောင်မှာ လေကြောင်းရန်နဲ့ စစ်သုံးလက်နက်ရန် ကာကွယ်နိုင်ဖို့ အသိပညာပေးပွဲပြုလုပ်

မြောင်မှာ လေကြောင်းရန်နဲ့ စစ်သုံးလက်နက်ရန် ကာကွယ်နိုင်ဖို့ အသိပညာပေးပွဲပြုလုပ်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းခရိုင်၊ မြောင်နယ်ဒေသအတွင်းရှိ ပြည်သူလူထုကို စစ်ကောင်စီရဲ့လေကြောင်းရန်နဲ့ စစ်လက်နက်ပစ္စည်း အန္တရာယ်တွေကို လျော့ချနိုင်ဖို့အတွက် အသိပညာပေး ဆွေးနွေးပွဲကို နိုဝင်ဘာ ၁၅ ရက် မနေ့ကနေ့လယ်ပိုင်းမှာ ပြုလုပ်ခဲ့တယ်လို့ Youth For Community - YfC Myaung အဖွဲ့ဆီက သိရပါတယ်။

၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့ပြီး စစ်ရေးအရှိန်ဟာ ယခင်ထက် ပိုမြင့်လာသလို စစ်ကောင်စီရဲ့လေကြောင်းအသုံးပြုမှုဟာလည်း အရင်ကထက်ပိုများလာတဲ့အတွက် ပြည်သူလူထု ဘေးကင်းလုံခြုံဖို့ အရေးကြီးလာတာကြောင့် ခုလိုပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။

"စကစဘက်က လေကြောင်းတိုက်ခိုက်တာကို ပြန်လည်မခုခံနိုင်သေးပါဘူး။ ကြိုတင်ကာကွယ်လို့ရတဲ့ နည်းလမ်းတွေကို ပြည်သူလူထု သိရှိနားလည် ဘေးကင်းစေဖို့အတွက် လုပ်ရခြင်းဖြစ်ပါတယ်" လို့ YfC အဖွဲ့ဝင်တဦးဖြစ်သူ မအမရာက မြေလတ်အသံကိုပြောပါတယ်။

အသိပညာပေးရာမှာ ကျား/မ အခြေပြုအကြမ်းဖက်မှုကို YfC အဖွဲ့ဝင်ဖြစ်တဲ့ မအမရာက ဦးဆောင်ဆွေးနွေးပြီး CDSOM အဖွဲ့တာဝန်ခံ ကိုနွေဦးက ပူးပေါင်းပါဝင်ကာ အသိပညာပေး ဆွေးနွေးခဲ့တယ်လို့ သူမကဆက်ပြောပါတယ်။

အဲ့ဒီနောက် မြေမြုပ်မိုင်း၊ စစ်လက်နက်သုံးပစ္စည်း၊ လေယာဉ်ဗုံးအန္တရာယ်လျှော့ချကာကွယ်ရေးနဲ့ ကျေးရွာအလိုက်ကြိုတင်ပြင်ဆင်ဖို့အတွက် YfC အဖွဲ့ဝင် ကိုကောင်းကောင်းက ဦးဆောင်ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီနောက် ပွဲပြီးချိန်မှာတော့ ပြည်သူတွေကို တကိုယ်ရေသုံးပစ္စည်းတွေ လက်ဆောင်အဖြစ် ပေးခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #မြောင် #YfC #လေကြောင်းရန်ကာကွယ် #သတင်း #မြေလတ်သတင်း 

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10