မြောင်မှာ ကာကွယ်ရေးတပ်ဖွဲ့အချင်းချင်း လက်နက်မျှဝေ

မြောင်မှာ ကာကွယ်ရေးတပ်ဖွဲ့အချင်းချင်း လက်နက်မျှဝေ

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အခြေစိုက် Royal Brother Defence Force - RBDF တပ်ဖွဲ့က BLACK HERO GUERRILLA FORCE - BHGF MGN တပ်ဖွဲ့ကို သေနတ်တလက် မျှဝေပေးခဲ့တယ်လို့ RBDF တပ်ဖွဲ့ဆီက သိရပါတယ်။

တော်လှန်ရေးစတင်တဲ့အချိန်ကတည်းက RBDF တပ်ဖွဲ့နဲ့ BHGF တို့ဟာ ညီနောင်မဟာမိတ် တပ်ဖွဲ့တွေဖြစ်သလို BHGF တပ်ဖွဲ့မှာ မောင်းပြန်သေနတ်မရှိတဲ့အတွက် အကူအညီ တောင်းလာတာကြောင့် RG3 ရိုင်ဖယ် သေနတ်တလက်ကို စက်တင်ဘာလ ၉ ရက်မှာ မျှဝေပေးခဲ့တာလို့ ဆိုပါတယ်။

"BHGF တပ်ဖွဲ့မှာ မောင်းပြန်တွေမရှိပါဘူး။ သူတို့စခန်း ဝင်စီးခံရတဲ့အချိန်တုန်းက လက်နက်ခဲယမ်းတွေ ဆုံးရှုံးသွားတယ်။ အဲ့ဒါကြောင့် သူတို့အဖွဲ့က အကူအညီတောင်းလာလို့ မျှဝေပေးဖြစ်တာပါ" လို့ RBGF တပ်ဖွဲ့တာဝန်ခံ ကိုရဲကြီးက မြေလတ်အသံကိုပြောပါတယ်။

အခုမျှဝေခဲ့တဲ့ ရိုင်ဖယ်သေနတ်ဟာ လက်ရှိ ပြင်ပပေါက်စျေးအနေနဲ့ဆိုရင် တလက်ကို သိန်း ၅၀ ဝန်းကျင်လောက် ပေါက်စျေးရှိပြီး ဒီလိုမျှဝေမှုအတွက် BHGF တပ်ဖွဲ့ဘက်ကလည်း အလှူငွေ ပြန်ထည့်ပေးခဲ့တယ်လို့ ကိုရဲကြီးက ပြောပါတယ်။ 

RBDF တပ်ဖွဲ့ဟာ မြေလတ်ဒေသက MGN နိုင်းစတားတပ်ဖွဲ့၊ ဒေါင်းနီတပ်ဖွဲ့၊ Myingyan Black Tiger တပ်ဖွဲ့နဲ့ BLACK HERO GUERRILLA FORCE - BHGF MGN တပ်ဖွဲ့တို့ကို ရိုင်ဖယ်သေနတ်တလက်စီနဲ့ စုစုပေါင်း ၄ လက်မျှဝေပေးခဲ့ပြီး ဖြစ်တယ်လို့လည်း ဆိုပါတယ်။

မြောင်မြို့နယ်အခြေစိုက် Royal Brother Defence Force - RBDF တပ်ဖွဲ့အနေနဲ့ ရိုင်ဖယ်သေနတ်အပြင် တာဝေးပစ် ရှော့တိုက်ဒုံးတွေကို ကိုယ်တိုင်ထုတ်လုပ်နေသလို AK 47 မောင်းပြန် ထုတ်ဖို့လည်း ကြိုးစားနေတယ်လို့ သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #မြောင် #လက်နက်မျှဝေ #RBDF #BHGF #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10