မြောင်မှာ စစ်တပ်က လက်နက်ကြီးနဲ့ပစ်နေလို့ စစ်ရှောင်နေရသူတွေ အကူအညီလိုအပ်နေ

မြောင်မှာ စစ်တပ်က လက်နက်ကြီးနဲ့ပစ်နေလို့ စစ်ရှောင်နေရသူတွေ အကူအညီလိုအပ်နေ

စစ်ကိုင်းတိုင်း၊ မြောင်နယ်အတွင်းမှာ စစ်ကောင်စီက ကျေးရွာတွေကို နိုဝင်ဘာ ၁၇ ရက်က လက်နက်ကြီးနဲ့ နေ့စဥ် ပစ်ခတ်နေတာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရာ လက်ရှိမှာ စားသောက်ရေးအတွက် အကူအညီလိုအပ်နေတယ်လို့ Youths for Community -YfC Myaung မြောင်လူငယ်ကွန်ရက်အဖွဲ့ဆီက သိရပါ တယ်။

စစ်ကောင်စီအထိုင်ချရာ ညောင်တိုရွာစခန်းမှ လက်နက်ကြီးတွေနဲ့ ဧရာဝတီမြစ်အနောက်ဘက်ကမ်းရှိ ကျေးရွာတွေကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ၃ ရက်ဆက်တိုက် နေ့ရော၊ ညပါ ပစ်ခတ်နေတဲ့အတွက် ကျေးရွာတရွာက ပြည်သူတွေနေရပ်စွန့်ခွာပြီး မုန်တိုင်းမိုးအကြားမှာ စစ်ရှောင်နေရာက စားသောက်ရေးအတွက် အကူအညီလိုအပ်နေတာလို့ ဆိုပါတယ်။

အခုလို အကူအညီလိုအပ်နေတာကြောင့် Youths for Community-YfC Myaung အဖွဲ့က စစ်ရှောင် လူဦးရေ ၁၀၀  ဝန်းကျင်အတွက် ဆန် ၂ အိတ်၊ ဆီ ၅ ပိဿာ၊ ပဲ ၄ ပြည်၊ ဆား၊ အချိုမှုန့်၊ ငရုတ်သီးမှုန့်စတဲ့ရိက္ခာတွေကို ကူညီထောက်ပံ့ပေးခဲ့တယ်လို့ YfC အဖွဲ့ဝင် မအမရာက ပြောပါတယ်။ 

ဒါ့အပြင် နောက်ထပ်တနေရာက စစ်ရှောင်လူဦးရေ ၅၀၀ ကျော်အတွက် ဆန် ၅ အိတ်နဲ့ ၁၄ ပြည်၊ ငါးခြောက် ၂၅ ပိဿာအပြင် အိမ်ထောင်စုအလိုက် ဆန် ၁ ပြည်၊ ငါးခြောက် ၁ ထုပ်နှုန်းစီလည်း မြောင်လူငယ်ကွန်ရက်အဖွဲ့က ပံ့ပိုးကူညီပေးခဲ့တယ်လို့ဆိုပါတယ်။ 

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၀ ရက် ညနေပိုင်းမှာ စစ်တပ်က လေယာဥ်နဲ့လာရောက်ပစ်ခတ်ခဲ့သလို လက်နက်ကြီးနဲ့လည်း ပစ်ခတ်ခဲ့လို့ အသက် ၂၁ နှစ်အရွယ် အမျိုးသမီးတဦး သေဆုံးသလို ပြည်သူ ၅ ဦးဒဏ်ရာရရှိကာ စာသင်ဆောင်၊ ဘုန်းကြီးကျောင်းနဲ့ နေအိမ်တွေ ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

ပုံစာ - နိုဝင်ဘာ ၁၇ ရက်က စစ်ရှောင်တွေကိုထောက်ပံပေးနေပုံနှင့် ထိခိုက်ပျက်စီးပုံတချို့ကို တွေ့ရစဥ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #မြောင်မြို့ #စစ်ကောင်စီ #YouthsforCommunity  #လက်နက်ကြီး #ဘုန်းကြီးကျောင်း #စစ်ရှောင် #ရိက္ခာ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10