မြောင်မှာ စစ်တပ်က လေယာဉ်နဲ့ပစ်လို့ ဒဏ်ရာရသူတွေရှိပြီး ဘုန်းကြီးကျောင်းနဲ့ စေတီတချို့ပျက်စီး

မြောင်မှာ စစ်တပ်က လေယာဉ်နဲ့ပစ်လို့ ဒဏ်ရာရသူတွေရှိပြီး ဘုန်းကြီးကျောင်းနဲ့ စေတီတချို့ပျက်စီး

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ စစ်ကောင်စီဘက်က ဂျက်ဖိုက်တာလေယာဥ်ဖြင့် နိုဝင်ဘာ ၁၀ ရက်က လာရောက်တိုက်ခိုက်ခဲ့ရာ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ လူနေအိမ်တွေ ပျက်စီးခဲ့သလို လူတချို့ ဒဏ်ရာရခဲ့တယ်လို့ မြောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ CDSOM ထံက သိရပါတယ်။

စစ်ကောင်စီတပ်ဘက်မှ ဂျက်ဖိုက်တာလေယာဥ်နဲ့ ညနေ ၃ နာရီ ၂၀ မိနစ်ခန့်မှာ တိုက်ခိုက်ခဲ့ရာ မင်းလှကျေးရွာရှိ စာသင်ကျောင်းဆောင်၊ ၂ ထပ်ဆောင်ဘုန်းကြီးကျောင်း၊ ဘုန်းကြီးကျောင်းဝန်းက စေတီတဆူနဲ့ ငါးရံ့အူရွာမှာ နေအိမ်တလုံးပျက်စီးခဲ့ပြီး ဒဏ်ရာသူတွေရှိခဲ့တယ်လို့ ဆိုပါတယ်။

"အမျိုးသမီးတဦးက စိုးရိမ်ရတဲ့ဒဏ်ရာရခဲ့တယ်" CDSOM တာဝန်ခံ ကိုနွေဦးမောင်က မြေလတ်အသံကို ပြောပါတယ်။

ဒဏ်ရာရတဲ့သူဟာ ငါးရံ့အူကျေးရွာက အသက် ၂၁ နှစ်အရွယ် အမျိုးသမီးတဦးဖြစ်ပြီး နေအိမ်မှာထိုင်နေချိန် ဗုံးစထိမှန်ကာ စိုးရိမ်ရတဲ့ဒဏ်ရာအခြေအနေနဲ့ ဆေးဝါးကုသနေရတယ်လို့ ကိုနွေဦးမောင်က ပြောပါတယ်။ 

အဲ့ဒီအမျိုးသမီးက ပြီးခဲ့တဲ့ အောက်တိုဘာလလယ်ပိုင်းမှာ ရေစကြိုနယ်ကို စစ်ကြောင်းဝင်လာချိန်မှာ စစ်ရှောင်ရင်းနဲ့ သူမရဲ့လသားအရွယ်ကလေးငယ်တဦးလည်း အသက်ဆုံးရှုံးထားရတယ်လို့ ဆိုပါတယ်။

စစ်တပ်က ဂျက်ဖိုက်တာနဲ့ ပစ်ခတ်တိုက်ခိုက်ရာမှာ မြောင်မြို့နယ်အတွင်းသာမကဘဲ ရေစကြိုမြို့နယ်အတွင်း ပစ်ခတ်ခဲ့သေးတယ်လို့ဆိုပါတယ်။

ရေစကြိုနယ်အတွင်း Myingyan Black Tiger အဖွဲ့နဲ့မဟာမိတ်အဖွဲ့တွေက ပူးပေါင်းပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်စဥ်မှာ ဂျက်ဖိုက်လေယာဥ်က စက်သေနတ်နဲ့ပစ်ခတ်ခဲ့လို့ ရဲဘော်တဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

မြောင်နဲ့ ရေစကြိုမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူတွေလည်းရှိနေတယ်လို့လည်း သိရပါတယ်။ 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #မြောင်မြို့ #စစ်ကောင်စီ #ဂျက်ဖိုက်တာ #စာသင်ကျောင်း #ဘုန်းကြီးကျောင်း #CDSOM #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10