သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ပရိမ္မရွာကထွက်လာတဲ့ စစ်သားနဲ့ပျူစာထီးအဖွဲ့ကို ဒေသခံကာကွယ်ရေးတပ်တွေက ခြုံခိုတိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ဇွန်လ ၉ ရက် ဒီမနက် ၆ နာရီလောက်မှာ အင်အား ၆၀ ဝန်းကျင်ပါတဲ့ အဲ့ဒီစစ်အုပ်စုကို မြစံကျေးရွာအနီးမှာ စောင့်ကြိုတိုက်ခိုက်ခဲ့ပြီး တိုက်ခိုက်ချိန် ၁၅ မိနစ်လောက် ကြာခဲ့တယ်လို့ စစ်ကိုင်းခရိုင်တပ်ရင်း(၄) မှ ပြန်ကြားရေးတာဝန်ခံ မလွင်ဂူး က ပြောပါတယ်။
“သူတို့(စစ်ကောင်စီ)စခန်းနဲ့ ပရိမ္မရွာက တမိုင်ဝန်းကျင်လောက်ပဲရှိတော့ မကြာခဏရွာထဲကိုဝင်ပြီး မီးရှို့တာတွေ လုပ်နေကျ၊ ဒီတခေါက်ကတော့ ရွာထဲဝင်ပြီး ဘာမှမလုပ်ဘဲ ထွက်လာတာ။ ရွာသားတွေကတော့ ထွက်ပြေးကြတာပေါ့။ ဒီနေ့ပစ်ခတ်မှုမှာ စကစတွေရဲ့ ထိခိုက်သေဆုံးမှုကို အတွင်းသတင်းကနေ ကြားသိရတာပါ” လို့ ပြောပါတယ်။
အဲ့ဒီစစ်အုပ်စုဟာ မြောင်မြို့နယ်၊ ကျောက်ရစ်ရွာမှာ စခန်းချနေတာဖြစ်ပြီး ပရိမ္မရွာကနေ ကျောက်ရစ်ရွာကို ပြန်လာချိန် လမ်းမှာတိုက်ခိုက်ခံရတာလည်း ဖြစ်ပါတယ်။
စစ်ကောင်စီဘက်က ထိခိုက်သေဆုံးအခြေအနေတွေကိုတော့ မြေလတ်အသံက သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။
ဒီတိုက်ခိုက်မှုကို စစ်ကိုင်းခရိုင်အမှတ်(၄)တပ်ရင်း − MSPDF၊ မိထ္ထီလာခရိုင်အမှတ်(၂)တပ်ရင်း -MHLG PDF တပ်ဖွဲ့နဲ့ မြင်းခြံခရိုင်အမှတ်(၈)တပ်ရင်း NRDF တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာပါ။
MSPDF တပ်ဖွဲ့ဟာ ဇွန်လ ၂ ရက်နေ့ကလည်း ပခုက္ကူခရိုင်၊ အင်ပင်ကျေးရွာက စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ပါသေးတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#စစ်ကိုင်း #မြောင် #ကျောက်ရစ်တပ်စခန်း #တိုက်ခိုက် #စစ်ကောင်စီ #MSPDF
Share Share Share