မြောင်မှာ သောင်းနဲ့ချီတဲ့ စစ်ရှောင်တွေ စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီလိုအပ်နေ (ရုပ်သံ)

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ စစ်ရှောင်သောင်းနဲ့ချီ စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီလိုအပ်နေတယ်လို့ စစ်ရှောင်တဦးက ပြောပါတယ်။ 

စက်တင်ဘာ ၁၄ ရက်ကစပြီး မြောင်မြို့နယ်တဝိုက်ကို  စစ်ကောင်စီစစ်ကြောင်းထိုးလာတာကြောင့် ကျေးရွာ၂၀ ဝန်းကျင်ကနေ ထွက်ပြေးတဲ့ စစ်ရှောင်လူဦးရေ ၁၀,၀၀၀ ကျော်ရှိနေပြီလို့ မြောင်လူငယ်ကွန်ရက် Youth for Community - YFC Myaung အဖွဲ့ဆီက သိရပါတယ်။

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ကြည်ရွာမှာ တပ်စွဲထားတဲ့ ပျူစောထီးနဲ့ စစ်သားအင်အား ၇၀ လောက်ဟာ သံခွန်စက်လှေသုံးကာ ရေကြောင်းလမ်းကိုဖြတ်ပြီး မြိုင်မြို့နယ်ကို စစ်ကြောင်းထိုးလာတာလို့ ဆိုပါတယ်။ 

စက်တင်ဘာ ၁၅ ရက်မှာ ထုံးကြိုင်၊ မယ်မသော်၊ သောင်ကြီးရွာတွေကို စစ်ကြောင်းဆက်ထိုးရာမှာ ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့ ရင်ဆိုင်တိုက်ပွဲဖြစ်ခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၁၆ ရက်မှာ အညွှန့်ရွာ၊ အိုင်သာ၊ သာဒွန်း၊ မင်းတန်း စတဲ့ ရွာတွေဘက်ကို ထပ်မံ စစ်ကြောင်းထိုးလာရာ ပြည်သူတွေရဲအိမ်ကို ဝင်ရောက်မွှေနှောက် ဖျက်ဆီးခဲ့ကြတယ်လို့ ဆိုပါတယ်။

စက်တင်ဘာလ ၁၇ ရက်မှာ ကျောက်ဖူးကုန်း၊ ပေါက်တောအရှေ့ရွာနဲ့ အနောက်ရွာဘက်ကို စစ်ကြောင်းထိုး တပ်စွဲကာ ရိက္ခာဆန်အိတ်တွေ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ပြောပါတယ်။

စက်တင်ဘာလ ၁၉ ရက် မနက် ၄ နာရီခန့်မှာ မြောင်နယ်စစ်တပ်စခန်းကို မြင်းမူမြို့နယ်ဘက်မှ စစ်တပ်အင်အား ၃၀ ကျော်ထပ်မံဝင်ရောက်လာတယ်လို့ သိရပါတယ်။

မြောင်လူငယ်ကွန်ရက် Youth for Community - YfC Myaung အဖွဲ့က စစ်ရှောင်ပြည်သူတွေကို ၃ ရက်တာ ထမင်းကျွေးကူညီစောင့်ရှောက်ခဲ့ပြီး ဆန် ၂၂ အိတ် ထောက်ပံ့ပေးခဲ့တယ်လို့ YfC အဖွဲ့ဝင်တဦးက မြေလတ်အသံကိုပြောပါတယ်။

တည်းဖြတ် - ဟယ်ရီ

#မြေလတ်အသံ

#စစ်ကိုင်း #မြောင် #စစ်ရှောင် #စားနပ်ရိက္ခာလိုအပ် #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10