မွေးနေ့ရှင်တွေ လှူဒါန်းငွေနဲ့ စစ်ရှောင်ပြည်သူတွေကို အညာပစ်တိုင်းထောင်အဖွဲ့က ခြုံစောင်ထောက်ပံ့

မွေးနေ့ရှင်တွေ လှူဒါန်းငွေနဲ့ စစ်ရှောင်ပြည်သူတွေကို အညာပစ်တိုင်းထောင်အဖွဲ့က ခြုံစောင်ထောက်ပံ့

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ မီးဘေးသင့်စစ်ရှောင်ပြည်သူတွေကို နိုဝင်ဘာ ၁၃ ရက်က ခြုံစောင်ထည်တွေ ထောက်ပံ့ပေးခဲ့တယ်လို့ အညာပစ်တိုင်းထောင်လေးများအဖွဲ့ဆီက သိရပါတယ်။

ဆောင်းရာသီကာလမှာ စစ်ရှောင်ပြည်သူအတွက် စောင်ထည်တွေလိုအပ်ချက်ရှိနေတာကြောင့် မွေးနေ့ရှင်ပြည်သူတွေ လှူဒါန်းထားတဲ့ငွေတွေထဲက ပိုလျှံတဲ့ငွေကို စုဆောင်းပြီး စစ်ဘေးရှောင်မီးဘေးသင့် ပြည်သူတွေကို ထောက်ပံ့ပေးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ 

"မွေးနေ့ရှင်တွေက စစ်ရှောင်တွေကို ထမင်းကျွေးဖို့ လှူတဲ့ထဲက ပိုတဲ့ငွေလေးတွေကို စုပြီးထောက်ပံ့ဖြစ်တာပါ။" လို့ အညာပစ်တိုင်းထောင်လေးများအဖွဲ့က မဖူးပွင့်ဝေ ပြောပါတယ်။

မီးဘေးသင့်ပြည်သူတွေအတွက် မိသားစုအိပ် စောင်တထည်ကို ၂၄,၀၀၀ ကျပ်နှုန်းနဲ့ အိမ်ထောင်စု ၆၂ စု အတွက် ကျပ် ၁၅ သိန်းဖိုးခန့်ကို ကူညီထောက်ပံ့ပေးခဲ့တာလို့ သူက ဆက်ပြောပါတယ်။

မီးဘေးသင့် စစ်ရှောင်ပြည်သူတွေမှာ ညောင်ပင်ကြီးရဲစခန်းအသိမ်းခံရပြီးနောက်ပိုင်း ဇွန် ၉ ရက်က နေရပ်စွန့်ခွာစစ်ရှောင်နေရသူတွေဖြစ်တယ်လို့ ဆိုပါတယ်။

အညာပစ်တိုင်းထောင်လေးများအဖွဲ့ အနေနဲ့လည်း ဆားလင်းကြီးမြို့နယ်အတွင်းက မီးဘေးသင့် စစ်ရှောင်ပြည်သူတွေကို နေ့စဥ်နဲ့အမျှ အချိုရည်၊ မုန့်ပဲသရေစာမျိုးစုံနဲ့ ထမင်းဟင်းလျာတွေကို ချက်ပြုတ်ကျွေးမွေးရင်း ကူညီစောင့်ရှောက်နေတဲ့အဖွဲ့တခု ဖြစ်တယ်ပါတယ်။ 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ယင်းမာပင်ခရိုင် #ဆားလင်းကြီးမြို့ #မီးဘေးသင့် #စစ်ရှောင် #ခြုံစောင်ထည် #အညာပစ်တိုင်းထောင်လေးများအဖွဲ့ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10