မွေးရာပါ နှလုံးမှာအပေါက်ပါတဲ့ ကလေးတဦး ဆေးကုသဖို့ အကူညီလိုအပ်နေ

မွေးရာပါ နှလုံးမှာအပေါက်ပါတဲ့ ကလေးတဦး ဆေးကုသဖို့ အကူညီလိုအပ်နေ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ စက်မှုန်ဇုံ၊ ကံဖျားလေးရပ်ကွက်က အသက် ၇ နှစ်အရွယ် ယောက်ျားလေးတဦးမှာ မွေးရာပါ နှလုံးမှာအပေါက်ပါနေတဲ့အတွက် ဆေးကုသစားရိတ် လိုအပ်နေတယ်လို့ မိသားစုဆီက သိရပါတယ်။ 

မုံရွာမြို့နယ်ဆေးခန်းတခုမှာ နိုဝင်ဘာ ၆ ရက်က ကလေးငယ်ကို စတင်ဆေးပြသခဲ့တဲ့အပြင် နိုဝင်ဘာ ၂၀ ရက်မှာလည်း မန္တလေးမြို့ ကုတင် ၅၅၀ ဆေးရုံကြီးကို ဆေးပြသွားခဲ့ပြီးနောက် ဓာတ်မှန်ရိုက်ကြည့်ရာက နှလုံးမှာအပေါက်ပါနေကြောင်း သိရှိခဲ့ရတာပါ။ 

ဒါ့အပြင် ကလေးမှာ အသံကျယ်ကျယ်ကြားရင် ကြောက်လန့်ပြီး အမောဖောက်တာမျိုးတွေ မကြာခဏဖြစ်တယ်လို့လည်း ဆိုပါတယ်။ 

"ကလေးက အမောဖောက်သလို ခဏခဏ ဖြစ်နေတာပါ။ ဆေးခန်းတွေ ပြကြည့်တော့မှ နှလုံးအပေါက်ပါတာ သိရတာ။ ဆေးကုသဖို့ ငွေမတတ်နိုင်ပါဘူး" လို့ မိခင်ဖြစ်သူက ပြောပါတယ်။

ဒီရောဂါကို ရန်ကုန်မြို့မှာ နှလုံးခွဲစိတ်ကုသပါက သက်သာပျောက်ကင်းနိုင်ပြီး ကုသစားရိတ်အတွက် ကျပ်သိန်း ၅၀ ကျော် ကုန်ကျမှာလို့လည်း သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #မုံရွာ #နှလုံးအပေါက်ပါ #ကုသစားရိတ် #လိုအပ် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10