ယင်းမာပင်က ပျူစောထီးရွာကို ဒရုန်းနဲ့တိုက်ခိုက်စဥ် ဒရုန်းတစင်းဆုံးရှုံးခဲ့

ယင်းမာပင်က ပျူစောထီးရွာကို ဒရုန်းနဲ့တိုက်ခိုက်စဥ် ဒရုန်းတစင်းဆုံးရှုံးခဲ့

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ပျူစောထီးရွာကို ဇူလိုင် ၁၃ ရက် ဒီနေ့ နေ့လယ်က ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်စဥ် ဒရုန်းတစင်းဆုံးရှုံးခဲ့တယ်လို့ ကျောက်လုံးကြီးတပ်မဟာ KLGရဲ့ တာဝန်ခံကပြောပါတယ်။

စစ်တပ်နဲ့ ပျူစောထီးအင်အား ၁၅၀ ဝန်းကျင်ရှိတဲ့ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာကို ဒီနေ့နေ့လယ် ၁ နာရီလောက်က ဒရုန်းသုံးစင်းနဲ့ တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။

"ဒရုန်း ၃ စင်း ဗုံးသီး ၆ လုံးနဲ့တိုက်ခိုက်ခဲ့တာမှာ ဒရုန်းတစင်းတော့ ပျက်ကျသွားပါတယ်။ မောင်းသူမဲ့ ဒရုန်းဖြစ်တော့ ကင်မရာ မပါတဲ့အတွက် ထိခိုက်သေဆုံးမှုတော့မသိရဘူး။ ထိခိုက်မှုရှိမှာပါ"လို့ ကျောက်လုံးကြီးတပ်မဟာ KLGရဲ့တာဝန်ခံက ပြောပါတယ်။

ကျောက်လုံးကြီးတပ်မဟာ KLGတပ်ဖွဲ့ဟာ ဘန့်ဘွေးရွာစစ်အုပ်စုရဲ့ မုံရွာ-ယာကြီး-ကလေးဝ ကားလမ်းဘေးက ဘန်ကာတခု၊ စာသင်ကျောင်းဘေးက ဘန်ကာတခု၊ ဘုန်းကြီးကျောင်းဘေးကဘန်ကာတခုနဲ့ ဘန့်ဘွေးရွာ ပျူစောထီးခေါင်းဆောင်ရဲ့အိမ်တို့ကို ဒရုန်းနဲ့ဗုံးသီးချကာ တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။

ယင်းမာပင်မြို့နယ်က ဘန့်ဘွေးရွာဟာ အာဏာမသိမ်းမီက အိမ်ထောင်စု ၃၅၀ ခန့်နေထိုင်ကြပြီး စစ်ကောင်စီတပ်က ၂၀၂၁ ဇွန်လလောက်က လာရောက်တပ်စွဲမီးရှို့လို့ အိမ်ထောင်စု ၃၄၀ ခန့်ဟာ ကျေးရွာကနေစွန့်ခွာပြီး အိမ်ထောင်စု ၁၀ စုခန့်သာ စစ်တပ်နဲ့ပေါင်းကာ ကျန်ရစ်ခဲ့တာလို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် တပ်ရင်း ၂၁၊ ၂၂၊ ၂၃ (KLG PDFကျောက်လုံးကြီး)အဖွဲ့နဲ့ ဗျတ္တညီနောင်၊ ချင်းတွင်းတိုက်ဂါး CTPDF၊ B2 Fighter၊ Bank Two အဖွဲ့တို့ပေါင်းကာ  Shar Htoo Waw Dronနည်းပညာ (မောင်းသူမဲ့လေယာဉ်)ကို အသုံးပြုကာ အလေးချိန် 1Kg ဗုံးသီးတွေနဲ့တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၈ ရက်မနက်ကလည် ကနီမြို့နယ်၊ အလယ်ကျွန်းပျူစောထီးရွာကို ယင်းမာပင်ခရိုင် တပ်ရင်း ၂၁၊ ၂၂၊ ၂၃( KLG PDFကျောက်လုံးကြီး)အဖွဲ့က  Shar Htoo Waw Dron နည်းပညာ(မောင်းသူမဲ့လေယာဉ်)ကို အသုံးပြုပြီး 1Kg ဗုံးသီး ၇ လုံးနံ့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြပါသေးတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ယင်းမာပင်မြို့နယ် #ပျူစောထီးရွာ #ဒရုန်း #ဗုံးကြဲ #PDFကျောက်လုံးကြီး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10