ယင်းမာပင်က မီးဘေးသင့် ၂ ရွာကို မီးဖိုဆောင်သုံးပစ္စည်းတွေ လှူဒါန်း

ယင်းမာပင်က မီးဘေးသင့် ၂ ရွာကို မီးဖိုဆောင်သုံးပစ္စည်းတွေ လှူဒါန်း

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ စစ်တပ်ကမီးရိူ့ခဲ့တဲ့ မီးဘေးသင့်ကျေးရွာ ၂ ရွာရှိ အိမ်ထောင်စုတွေကို မတ်လ ၁၃ ရက်နေ့ မနေ့မနက်ပိုင်းက မီးဖိုဆောင်သုံးပစ္စည်းအပြင် ဆန်နဲ့ဆီတွေပါ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

မီးဘေးသင့်အိမ်ခြေ ၁၅၃ အိမ်ကိုတအိမ်ထောင်လျှင် ဒန်အိုး ၁ လုံး၊ ဇလုံ ၁ လုံး၊ ဇွန်းကြီး ၁ ချောင်း၊ သောက်ရေခွက် ၁ ခု၊ ဆန် ၁ ပြည်၊ ဆီ ၅၀ ကျပ်သားနဲ့ ငါးသေတ္တာ ၁ ဗူးနှုန်းလှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။



အခုအစီအစဥ်ကို LIGHTS OF THE FUTURE-Group (အနာဂါတ်အလင်းတန်းများအဖွဲ့ ) ရဲ့ ကူညီမှုနဲ့လှူဒါန်းခဲ့ခြင်းဖြစ်ပြီး အညာပစ်တိုင်းထောင်လေးများအဖွဲ့ရဲ့ ဆန်တင်း ၁၀၀ ကမ်ပိန်းက ရရှိငွေရဲ့ ၁၀% ကိုပါထည့်ဝင်သုံးစွဲခဲ့တယ်လို့ ဆိုပါတယ်။


အညာပစ်တိုင်းထောင်လေးများအဖွဲ့ဟာ ပြည်တွင်းပြည်ပအလှူရှင်တွေကူညီမှုနဲ့ မီးဘေးသင့်ကျေးရွာတွေကို လိုက်လံလှူဒါန်းနေတာဟာ အခုအကြိမ်အပါ ၈ ကြိမ်ဖြစ်ပြီး အိမ်ထောင်စု ၁၀၉၂ စုရှိပြီလို့ သိရပါတယ်။

စာတည်း-007
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10