ယင်းမာပင်က ရေဘေးသင့်ပြည်သူ ၁၆၀၀ ကျော်ကို အာဟာရဒါနကျွေးမွေး

ယင်းမာပင်က ရေဘေးသင့်ပြည်သူ ၁၆၀၀ ကျော်ကို အာဟာရဒါနကျွေးမွေး

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်အတွင်းက ရေဘေးသင့်ပြည်သူတွေကို မေလ ၁၉ ရက်မှာ အာဟာရဒါနအဖြစ် ထမင်းဟင်းလျာတွေ ချက်ပြုတ်ကူညီလှုဒါန်းခဲ့တယ်လို့ အညာပစ်တိုင်းထောင်လေးများ အဖွဲ့ဆီက သိရပါတယ်။


အခုလို လှူဒါန်းမှုကို Lights of The Future-Group (အနာဂါတ်အလင်းတန်း)အဖွဲ့ရဲ့ ကူညီမှုနဲ့လှူဒါန်းတာဖြစ်သလို၊ အသားဟင်းတမျိုး အရန်ဟင်း ၃ မျိုးပါပြီး ကုန်ကျစရိတ်အနေနဲ့ သိန်း၂၀ ကျော်ကုန်ကျ တယ်လို့သိရပါတယ်။



မိုခါမုန်တိုင်းကြောင့် ရေဘေးဒုက္ခရောက်နေတဲ့ ယင်းမာပင်မြို့နယ်က အိမ်ခြေ ၃၂၀ ကျော်မှာရှိတဲ့ လူဦးရေ ၁၆၀၀ ကျော်ကို ကျွေးမွေးခဲ့တာဖြစ်တယ်လို့ အညာပစ်တိုင်းထောင်လေးများအဖွဲ့ရဲ့ ဦးဆောင်သူတဦးဖြစ်တဲ့ မဖူးပွင့်ဝေ က မြေလတ်အသံကိုပြောပါတယ်။

"ရေဘေးသင့်ပြည်သူတွေမှာ အခက်အခဲတွေအများကြီးရှိနေပါတယ်။ ထမင်းတနပ် ကောင်းကောင်းစားရလို့ စိတ်ချမ်းသာစေချင်တယ်။ သူတို့ပတ်ဝန်းကျင်ရှင်းလင်းဖို့က တပတ်လောက်ပြင်ဆင်ရအုံးမယ်" လို့ သူက ပြောပါတယ်။

စာတည်း-လင်းဇေ

#မြေလတ်အသံ
#အညာပစ်တိုင်းထောင် #ယင်းမာပင် #ရေဘေးသင့် #မိုခါမုန်တိုင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10