ယင်းမာပင်ခရိုင်က PDF စခန်းတွေမှာ အာဇာနည်နေ့ အခမ်းအနားတွေကျင်းပ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်ထဲက PDF စခန်းတွေမှာ ဇူလိုင် ၁၉ ရက် ဒီကနေ့မှာ ကျရောက်တဲ့  ၇၇ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အခမ်းအနားတွေကို တပ်ရင်းအခြေစိုက်ရာ နယ်မြေတွေမှာ ပြုလုပ်ကြတယ်လို့ သိရပါတယ်။

အခမ်းနားကျင်းပရာမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်အလံကို  အလေးပြုတာ၊ လွတ်လပ်ရေးတိုက်ပွဲဝင်ရင်း ကျဆုံးသွားတဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို အလေးပြုတာနဲ့ အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနဲ့ နွေဦးတော်လှန်ရေးတိုက်ပွဲမှာ ကျဆုံးသွားသူတွေကို အလေးပြုတဲ့ အစီစဉ်တွေလည်း ပါဝင်ပါတယ်။

အခမ်းအနားတွေနဲ့ပတ်သက်ပြီး နွေဦးတော်လှန်ရေး ရဲဘော်တွေအနေနဲ့ အာဇာနည်ပုဂ္ဂိုလ်ကြီးတွေကို အတုယူတတ်အောင် အခုလိုပွဲတွေကိုစီစဉ်ဖြစ်တာလို့ ယင်းမာပင်ခရိုင် အမှတ် ၃၅  တပ်ရင်း က တပ်ရေးဗိုလ် ကိုဆံရှည်(ခ)ကိုသူရက ပြောပါတယ်။

အဲဒီ အထိမ်းအမှတ် အခမ်းအနားတွေကို ယင်းမာပင်ခရိုင် တပ်ရင်း ၃၊ တပ်ရင်း ၄၊ တပ်ရင်း ၅၊ ယင်းမာပင်ခရိုင် တပ်ရင်း ၂၇၊ ယင်းမာပင်ခရိုင် အမှတ် ၃၅  တပ်ရင်း နဲ့ ယင်းမာပင်ခရိုင် ပကဖ စတဲ့ တပ်ရင်းတပ်ဖွဲ့တွေမှာလည်း ပြုလုပ်ကြတယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ယင်းမာပင်ခရိုင် #PDFစခန်း #၇၇နှစ်မြောက် #အာဇာနည်နေ့  #အခမ်းအနား 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10