ယင်းမာပင်ခရိုင် အမှတ် ၂၁ တပ်ရင်းက ကျဆုံးရဲဘော်ကို သင်္ဂြိုဟ်ပြီးစီး

ယင်းမာပင်ခရိုင် အမှတ် ၂၁ တပ်ရင်းက ကျဆုံးရဲဘော်ကို သင်္ဂြိုဟ်ပြီးစီး

စစ်ကိုင်းတိုင်း၊ အမှတ် ၁ စစ်ဒေသ၊ ယင်းမာပင်ခရိုင်၊ အမှတ် ၂၁ တပ်ရင်း ပြည်သူ့ကာကွယ်ရေး တပ်မတော်က ကျဆုံးတပ်စိတ်မှူးရဲ့အလောင်းကို အောက်တိုဘာ ၂၈ ရက် မနေ့က သင်္ဂြိုဟ်ခဲ့တယ်လို့ အဲ့ဒီတပ်ဖွဲရဲ့ ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။  

အောင်တိုဘာ ၂၇ ရက်မှာ ဖြစ်ပွားခဲ့တဲ့ ကနီမြို့နယ်ထဲက စစ်ကောင်စီနဲ့တိုက်ပွဲတခုမှာ အသက် ၂၈ နှစ်အရွယ် တပ်စိတ်မှူး ဟိန်းဇင်ကို (ခ) ထိန်လင်း ကျဆုံးခဲ့တာပါ။  

“မိုင်းစထိမှန်ကာ လက်နဲ့ခြေတွေမှာ ဒဏ်ရာရပြီးနေရာမှာပဲ ကျဆုံးခဲ့တာပါ။ ခမ်းခမ်းနားနား သင်္ဂြိုဟ်ခဲ့ပါတယ်"လို့ ယင်းမာပင်ခရိုင် အမှတ် ၂၁ တပ်ရင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ  ပြန်ကြားရေးတာဝန်ရှိသူ ကိုအေတီက ပြောပါတယ်။

KLG ကျောက်လုံးကြီးတပ်မတော်ကို ၂၀၂၁ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး အဲ့ဒီနှစ် ဧပြီလ ၂ ရက်မှာ ရဲဘော်ကိုစိုးသူ ပထမဆုံးကျဆုံးခဲ့ပြီး လက်ရှိအချိန်အထိ စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်ရေးတိုက်ပွဲဝင်ရင်း ကိုထိန်လင်းအပါ ရဲဘော် ၂၆ ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။ 

ပုံစာ - ကျဆုံးရဲဘော် ကိုဟိန်းဇင်ကို (ခ) ကိုထိန်လင်း။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ယင်းမာပင် #စစ်ကောင်စီ #တိုက်ပွဲ #ရဲဘော် #သေဆုံး #သတင်း #KLG # မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10