ယင်းမာပင်ခရိုင် PDF တွေကို ကျည်ကာဦးထုပ်ဝယ်ယူဖို့ ပြည်တွင်းပြည်ပကထောက်ပံ့ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် တပ်ရင်း ၇၊ Royal Eagle People Defense Force ကိုကျည်ကာဦးထုပ် ဝယ်ယူဖို့အတွက် ပြည်တွင်းပြည်ပက ပြည်သူတွေက ငွေထောက်ပံ့ပေးခဲ့တယ်လို့ အဲ့ဒီတပ်ရင်းဆီက သိရပါတယ်။

တော်လှန်ပြည်သူတွေဆီက ထောက်ပံ့ငွေ ပြည်ပမှ US ဒေါ်လာ ၁၇၁၀ နဲ့ မြန်မာကျပ်ငွေ ၈ သိန်း ရရှိခဲ့တာ ဖြစ်ပါတယ်။

"ကျည်ကာဦးထုပ် ၂၄ လုံးစာပါ။ တဝက်လောက်တော့ ရောက်ပါပြီ။ တချို့ပစ္စည်းတွေက မှာထားတုန်းပါ" လို့ ယင်းမာပင်ခရိုင်တပ်ရင်း ၇ ဒုတပ်ရင်းမှူး အဘလေးက ပြောပါတယ်။

ဒါ့အပြင် ကျည်ကာဦးထုပ် အလုံး ၃၀ နဲ့ ကျည်ကာပြားတွေ  ထပ်ပြီးလိုအပ်နေသေးတယ်လို့ သိရပါတယ်။

စာတည်း-နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#စစ်ကိုင်း #ယင်းမာပင် #PDF #တော်လှန်ပြည်သူ #ကျည်ကာဝတ်စုံ #ထောက်ပံ့ #ရုပ်သံသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10