ယင်းမာပင်နယ်က တောင်ယာသပိတ် (Photo News)

ယင်းမာပင်နယ်က တောင်ယာသပိတ် (Photo News)

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်ရှိ တောင်ယာတခုမှာ ဒေသခံတောင်သူတွေနဲ့ ယင်းမာပင် - ဆားလင်းကြီးရွာပေါင်းစုံသပိတ်အဖွဲ့ဝင်တွေ ပူးပေါင်းပြီး သပိတ်လှုပ်ရှားမှုတခု ပြုလုပ်ခဲ့ပါတယ်။ 

တောင်သူအင်အား ၃၀ ကျော်က နိုဝင်ဘာ ၂၃ ရက် ဒီမနက်ပိုင်းမှာ အဲ့ဒီသပိတ်လှုပ်ရှားမှုကို လုပ်ခဲ့ကြတာလို့ ဆိုပါတယ်။ 

"၁၀၂၇ လှိုင်းနဲ့ ၁၁၁၁ နေ့ကစလို့ စစ်ရေးအရှိန်မြင့်တက်လာတယ်။ နိုင်ငံရေးအရှိန်အားကောင်းဖို့ လိုအပ်လာတယ်။ လူထုရဲ့အသံဟာ နိုင်ငံတကာထိရောက်ဖို့ ခုလိုသပိတ်တွေပြုလုပ်နေရတာ" လို့ သပိတ်ကော်မတီဝင် ကိုစနေက ပြောပါတယ်။

တောင်ယာသပိတ် ပြုလုပ်ရာမှာ "၁၀၂၇လှိုင်းတွေကို အောင်သပြေနဲ့ကြိုဆို၊ ဖက်ဆစ်တပ်ကို စွန့်ခွာကြ ပြည်သူ့ရင်ခွင်ခိုလှုံကြ၊ အကြမ်းဖက်စစ်အုပ်စု အလိုမရှိ၊ ဖယ်ဒရယ် ဒီမိုကရေစီ အရေးတော်ပုံ မုချအောင်ရမည်" အစရှိတဲ့ ကြွေးကြော်သံတွေနဲ့ သပိတ်ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

#မြေလတ်အသံ

#စစ်ကိုင်း #ယင်းမာပင် #သပိတ် #ဆင်နွှဲ #တောင်သူ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10