ယင်းမာပင်နဲ့ဆားလင်းကြီးမြို့နယ်အတွင်း  စစ်ကြောင်းထိုးနေလို့ ပြည်သူ ၁၂၀၀၀ ကျော် အရေးပေါ်စစ်ရှောင်နေရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်နဲ့ ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာတွေကို မတ် ၂၂ ရက်မှာ စစ်တပ်က စစ်ကြောင်းထိုးဝင်လာတာကြောင့် ဒေသခံပြည်သူတွေ ညတွင်းချင်း အရေးပေါ် စစ်ရှောင်နေရတယ်လို့ ယင်းမာပင်-ဆားလင်းကြီး စစ်ရှောင်ကူညီကယ်ဆယ်ရေး၊ ပြည်သူမှပြည်သူသို့ အဖွဲ့ဆီက သိရပါတယ်။

ယင်းမာပင်ခရိုင် ရဲတပ်ရင်း ၂၈ နဲ့ ဝမ်ပေါင်ကုမ္ပဏီမှာရှိတဲ့ စစ်သားနဲ့ရဲအင်အား ၁၀၀ ကျော်က ရုတ်တရက် စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် ဒေသခံပြည်သူတွေ အရေးပေါ်စစ်ရှောင်နေရတယ်လို့ ဆိုပါတယ်။

ယင်းမာပင်အရှေ့ခြမ်းနဲ့ ဆားလင်းကြီးမြောက်ဘက်ခြမ်းရှိ ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့တွက် ကျေးရွာပေါင်း ၁၂ ရွာကျော်က ပြည်သူ ၁၂၀၀၀ ကျော် စစ်ရှောင်နေရတယ်လို့ ပြည်သူမှပြည်သူသို့အဖွဲ့ဝင် ကိုသက်ဦးကပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မတ် ၂၃ ရက် မနက်ပိုင်းကလည်း  ကျေးစာကျရွာ၊ ရွှေပေကုန်းရွာ၊ ထန်းတောကြီးရွာ စတဲ့ကျေးရွာများအတွင်း စစ်ကြောင်းထိုးဝင်ရောက်နေတယ်လို့ဆိုပါတယ်။

ယင်းမာပင်အရှေ့ခြမ်းရှိ ရွာတရွာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဝင်ရောက် တပ်စွဲထားသလို ပုသိမ်-မုံရွာ ကားလမ်းမပေါ်မှာလည်း ကင်းပုန်းတွေချထားတယ်လို့ သိရပါတယ်။

တည်းဖြတ် - HP

#မြေလတ်အသံ

#စစ်ကိုင်း #ယင်းမာပင် #ဆားလင်းကြီး #စစ်ကြောင်းထိုး #စစ်ရှောင်ပြည်သူ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10