ယင်းမာပင်မှာ ကျဆုံးရဲဘော်တွေအတွက် NUG က ထောက်ပံ့ငွေနဲ့ ဂုဏ်ပြုလွှာပေးအပ်

ယင်းမာပင်မှာ ကျဆုံးရဲဘော်တွေအတွက် NUG က ထောက်ပံ့ငွေနဲ့ ဂုဏ်ပြုလွှာပေးအပ်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် တပ်ရင်းအမှတ် ၃၆ က ကျဆုံးရဲဘော်တွေအတွက် ကျန်ရစ်ခဲ့တဲ့ မိသားစုတွေကို အမျိုးသားညီညွတ်ရေးအစိုးရ - NUG က ထောက်ပံ့ငွေနဲ့ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းမှ ဒုတပ်ရင်းမှူး ကိုမင်းက ပြောပါတယ်။ 

ကျဆုံး တပ်စိတ်မှူး ၂ ဦးနဲ့ ရဲဘော် ၈ ဦး စုစုပေါင်း ၁၀ ဦးအတွက် တဦးကို ဂုဏ်ပြုမှတ်တမ်းလွှာနဲ့ ထောက်ပံ့ငွေကျပ် ၁၀ သိန်းဆီ သြဂုတ်လ ၆ ရက်နဲ့ ၇ ရက်မှာ တပ်ရင်းတာဝန်ရှိသူတွေက တဆင့်ခံ ပေးအပ်ခဲ့တာလို့ ဆိုပါတယ်။ 

"တိုက်ပွဲတွေမှာကျဆုံးခဲ့တဲ့ ရဲဘော်တွေရဲ့ မိသားစုတွေရှိတဲ့ နေအိမ်အရောက် လိုက်လံပေးအပ်ခဲ့တာပါ။     ကာကွယ်ရေးဝန်ကြီးဌာနကိုတင်ကတည်းက နေအိမ်အရောက် သွားရောက်ပေးအပ်မယ်ဆိုလို့ ကျနော်တို့ တပ်ရင်းကို ရောက်လာလို့ နေအိမ်အရောက် သွားရောက်ပေးအပ်ခဲ့တာပါ"လို့ ဒုတပ်ရင်းမှူး ကိုမင်းက ပြောပါတယ်။

အဲဒီတပ်ရင်းမှာ ကျဆုံးရဲဘော် ၁၀ ဦးအပြင် တိုက်ပွဲအတွင်းထိခိုက်ဒဏ်ရာကြောင့် ပေါင်ဖြတ်ထားရသူ ၁ ဦး၊ ကျည်မထုတ်ရသေးတဲ့ ရဲဘော် ၂ ဦးအပြင် တိုက်ပွဲမှာ ထိခိုက်ဒဏ်ရာရရှိပြီး ခန္ဓာကိုယ် ပုံမှန်ပြန်မဖြစ်တဲ့ ရဲဘော် ၂ ဦးအပါ ဒဏ်ရာရရှိထားသူ ၅ ဦး ရှိတယ်လို့လည်း သိရပါတယ်။

ယင်းမာပင်ခရိုင် တပ်ရင်းအမှတ် ၃၆ အနေနဲ့ လက်ရှိမှာလည်း တိုက်ပွဲတွေဖော်ဆောင်နေဆဲဖြစ်သလို ဇွန်လ ၉ ရက်မနက်ကလည်း ယင်းမာပင်မြို့နယ်၊ လည်ငေါက်ရွာကထွက်လာတဲ့ စစ်ကြောင်းကို ရှေ့ထွက်မိုင်းတွေနဲ့ တိုက်ခိုက်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်ခဲ့ပါတယ်။ 

ပုံစာ - ကျဆုံးရဲဘော်တွေရဲ့မိသားစုဝင်တွေကို ဂုဏ်ပြုမှတ်တမ်းနဲ့ ထောက်ပံ့ငွေပေးအပ်နေစဥ်။  

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ယင်းမာပင် #ထောက်ပံ့မှု #NUG #ကျဆုံးရဲဘော် #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10