သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်က ကွမ်းစိုက်ပျိုးသူတွေဟာ ကွမ်းရွက်ဒိုင်ဖြတ်ဈေးကျဆင်းနေတဲ့အတွက် တွက်ခြေမကိုက်ပဲဖြစ်နေကြတယ်လို့ ကွမ်းစိုက်ပျိုးသူတွေဆီက သိရပါတယ်။
ကွမ်းရွက်ရောရာ(ဒေသအခေါ် ဂျွန်) တပိဿာကို ကျပ် ၃,၀၀၀ ဝန်းကျင်ရောင်းဝယ်ရာကနေ ပြီးခဲ့တဲ့ ဇွန်လလယ်ကစလို့ ကျပ် ၁,၅၀၀ အထိဈေးကျဆင်းသွားတာလို့ ဆိုပါတယ်။
"မုံရွာမြို့ကကွမ်းဒိုင်ကို သွားရောင်းရတာပါ။ ဒိုင်ကဖြတ်တဲ့ဈေးနဲ့ ရောင်းခဲ့ရတာပါ။ ဒီဈေးနဲ့က မကိုက်ဘူး။ အနည်းဆုံးကွမ်းတပိဿာကိုကျပ် ၃,၀၀၀ ဈေးရမှကိုက်မယ်” လို့ ယင်းမာပင်မြို့မှ ကွမ်းစိုက်ပျိုးသူတဦးက ပြောပါတယ်။
ကွမ်းရွက်ရောင်းချရာမှာ မုံရွာမြို့ကကွမ်းဒိုင်ဆီကို ကားနဲ့တင်ပေးလိုက်တာရှိသလို ဆိုင်ကယ်နဲ့ ကိုယ်တိုင်သွားရောက်ရောင်းချသူတွေလည်းရှိတယ်လို့ သူကဆက်ပြောပါတယ်။
လက်ရှိမှာ ကွမ်းပင်တိုင်ထောင်တာနဲ့ ကွမ်းခြံဆောက်လုပ်ရာမှာသုံးတဲ့ မျှင်ဝါး၊ သိုက်ဝါးတလုံးတန်ဖိုး ယခင်နှစ်က ကျပ် ၆၀၀ ကနေ အခုနှစ်ကျပ် ၁,၀၀၀ ဝန်းကျင်ဈေးပေါက်နေသလို ကွမ်းခြံနေကာအသုံးပြုတဲ့ အနံပေ ၃ ပေ အလျားပေ ၃၀၀ ရှိ ပလပ်စတစ်ဇကာတလိပ်ကိုလည်း ပြီးခဲ့တဲ့နှစ်ပေါက်ဈေးကျပ် ၃၄,၀၀၀ ဈေးကနေ အခုနှစ်ကျပ် ၄၈,၀၀၀ ဈေး ပေါက်နေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ယင်းမာပင်မြို့နယ်က ကွမ်းခြံတွေဟာ မိုခါမုန်တိုင်းဒဏ်ကို ခံခဲ့ရသလို လက်ရှိမှာလည်း ကွမ်းပင်တွေမှာရိုးမဲရောဂါဝင်ရောက်နေတဲ့အတွက် ကွမ်းထွက်နူန်းတွေလည်း ကျဆင်းနေတယ်လို့ ဆိုပါတယ်။
ကွမ်းစိုက်ပျိုးမှုကို စစ်ကိုင်တိုင်းထဲက မုံရွာခရိုင်နဲ့ ကန့်ဘလူခရိုင်တို့မှာ ဧကထောင်ချီစိုက်ပျိုးကြပြီး ရွှေဘိုခရိုင်၊ ယင်းမာပင်ခရိုင်အပြင် စစ်ကိုင်း၊ ရေဦး၊ ကသာ၊ ကလေး မော်လိုက်နဲ့ ကောလင်းခရိုင်တို့မှာလည်း စိုက်ပျိုးကြတယ်လို့ သိရပါတယ်။
ပုံစာ - စစ်ကိုင်းတိုင်းထဲက ကွမ်းစိုက်ခင်းအားတွေ့ရစဉ်။
စာတည်း - နွေဦးငြိမ်းချမ်း
#မြေလတ်အသံ
#စစ်ကိုင်းတိုင်း #ယင်းမာပင် #ကွမ်း #တောင်သူ #ဈေးကွက် #စီးပွားရေး #မိုခါမုန်တိုင်း #စိုက်ပျိုးရေး
Share Share Share