ယင်းမာပင်မှာ စစ်တပ်ထုတ်ကုန်မသုံးစွဲရေး သပိတ်စစ်ကြောင်းပြုလုပ်

ယင်းမာပင်မှာ စစ်တပ်ထုတ်ကုန်မသုံးစွဲရေး သပိတ်စစ်ကြောင်းပြုလုပ်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ ရွှေဥက္ကံ သပိတ်စစ်ကြောင်းနဲ့ ရွာပေါင်းစုံသပိတ်အင်အားစု အဖွဲ့ဝင်တွေ ပူပေါင်းပြီး စစ်တပ်ထုတ်ကုန်မသုံးစွဲဖို့အတွက် အောက်တိုဘာ ၂၃ ရက် ဒီမနက်ပိုင်းမှာ အင်အား ၆၀ ကျော်နဲ့ သပိတ်လှုပ်ရှားမှုတခုပြုလုပ်ခဲ့တယ်လို့ ကျေးရွာပေါင်းစုံသပိတ်အဖွဲ့ဆီက သိရပါတယ်။

"စစ်တပ်ထုတ်ကုန်ပစ္စည်းတွေ မသုံးစွဲဖို့ လှုပ်ရှားတာ ဒုတိယအကြိမ် ဖြစ်ပါတယ်။ အခုက ရွှေဥက္ကံသပိတ်ကို ဝန်းရံဆန္ဒဖော်ထုတ်တာပါ" လို့ ရွာပေါင်းစုံသပိတ်ကော်မတီဝင်တဦးက ပြောပါတယ်။

သပိတ်စစ်ကြောင်းချီတက်ရာမှာ စစ်ကောင်စီနဲ့ ပတ်သက်တဲ့ "အောင်ဘာလေထီ" မထိုးဖို့၊ ကားယာဥ်လိုင်းတွေဖြစ်တဲ့"ရွှေမန်းသူ၊ ရွှေမြိုင်သူ၊ သန်မြန်သူ၊ ပုသိမ်သူ၊ ရှမ်းမလေး" စတဲ့ယာဥ်လိုင်းတွေကို မစီးကြဖို့၊ "နန်းမြိုင်တံဆိပ်ပါ ကော်ဖီ၊ တီးမစ်၊ ရွှေဖီဦးတံဆိပ်ပါ လက်ဖက်ခြောက်" တို့ကို မသောက်သုံးကြဖို့ ပြည်သူတွေကို အသိပေးတောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။

 

#မြေလတ်အသံ

#စစ်ကိုင်း #ယင်းမာပင် #စစ်တပ်ထုတ်ကုန် #သပိတ်မှောက် #သတင်း #ရွာပေါင်းစုံသပိတ် #ရွှေဥက္ကံ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10