ယင်းမာပင်မှာ စစ်ရှောင်လမ်းပိုင်းကို PDF ရဲဘော်တွေက ဦးဆောင်ပြုပြင်နေ

ယင်းမာပင်မှာ စစ်ရှောင်လမ်းပိုင်းကို PDF ရဲဘော်တွေက ဦးဆောင်ပြုပြင်နေ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်အတွင်းက ပြည်သူတွေ စစ်ရှောင်ရာမှာ သွားလာရတဲ့ လမ်းပိုင်းကို တော်လှန်ရေးရဲဘော်တွေက ဒီဇင်ဘာ ၃၀ ရက်ကစပြီး ဦးဆောင်ပြုပြင်နေတယ်လို့ ယင်းမာပင်ခရိုင် တပ်ရင်း ၃၆ တပ်ခွဲ ၁၊ မဟူတောင် - ဒေါင်းနီတပ်ခွဲဆီက သိရပါတယ်။

ဒေသတွင်းရှိ ကျေးရွာပါင်း ၇ ရွာက ပြည်သူတွေ စစ်ရှောင်တဲ့အချိန် သွားလာရတာ အဆင်ပြေလွယ်ကူနိုင်ဖို့ ရည်ရွယ်ကာ လူအင်အား၊ ငွေအင်အားဖြင့် ပြုပြင်နေတာလို့ ဆိုပါတယ်။

"စစ်ကြောင်းဝင်လာရင် တောင်ပေါ်ကို စစ်ရှောင်တဲ့လမ်းပါ။ ကျနော်တို့က ငွေစိုက်ထုတ်ပြင်နေတာပါ။ ပြည်သူတွေက လုပ်အားစိုက်ထုတ်ကူညီကြတယ် " လို့ တပ်ခွဲတာဝန်ခံ ကိုဇော်ထူးက ပြောပါတယ်။

ပြည်သူတွေ စစ်ရှောင်တဲ့ ၄ မိုင်ကျော်ရှည်တဲ့လမ်းပိုင်းကို ပြုပြင်ရာမှာ ဘူဒိုဇာစက်ကြီးနဲ့ ထွန်စက်တွေကိုပါ ခေါ်ယူပြင်ဆင်နေတာဖြစ်သလို လက်ရှိကုန် ကျစရိတ်မှာ ၁၇ သိန်းကျော်ရှိပြီး မဟူတောင်-ဒေါင်းနီတပ်ခွဲက စိုက်ထုတ် ပြုပြင်ပေးနေတယ်လို့ သူက ဆက်ပြောပါတယ်။

အဲ့ဒီစစ်ရှောင်လမ်းပိုင်းပြုပြင်ရာမှာ နောက်တန်းရှိ ရဲဘော်ရဲမေ အင်အား ၃၀ ကျော်နဲ့အတူ ပြည်သူတွေကလည်း ပူးပေါင်းလုပ်ကိုင်နေကြတယ်လို့ သိရပါတယ်။

ယင်းမာပင်ခရိုင်တပ်ခွဲအနေဖြင့် စစ်ရေးလှုပ်ရှားမှုသာမကဘဲ ဒေသခံများအတွက် ပြည်သူ့ အကျိုးပြုလုပ်ငန်းတွေကို ဆက်လက်လုပ် ကိုင်နေတယ်လို့ သိရပါတယ်။ 

ပုံစာ - ဒီဇင်ဘာ ၃၀ ရက်က စစ်ရှောင်လမ်းပိုင်းကို ပြုပြင်နေကြစဥ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

စစ်ကိုင်းတိုင်း # ယင်းမာပင် # PDFတပ်ဖွဲ့ # စစ်ရှောင်လမ်းပျက်စီး # ဦးဆောင်ပြုပြင်# မြေလတ်သတင်း #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10