ယင်းမာပင်မှာ  တော်လှန်ရှင်ပြု အလှူပွဲတော်ကျင်းပ

ယင်းမာပင်မှာ  တော်လှန်ရှင်ပြု အလှူပွဲတော်ကျင်းပ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်က ကျေးရွာတရွာမှာ တော်လှန်ရှင်ပြုအလှူတော်ပွဲကို စက်တင်ဘာ ၂၁ ရက် ဒီနေ့မနက်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ပွဲမှာပါဝင်သူတဦးက ပြောပါတယ်။ 

အဲဒီအလှူပွဲမှာ ယင်းမာပင် - ဆားလင်းကြီး ရွာပေါင်းစုံသပိတ်ကလည်း ၉၁၃ ရက်မြောက်နေ့အဖြစ် ဝန်းရံ ချီတက်ခဲ့ကြသလို ယင်းမာပင်မြောက်ခြမ်းကျေးရွာတွေက သပိတ်စစ်ကြောင်းတွေကလည်း ပူးပေါင်းပါဝင်ပေးခဲ့ကြတယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် တော်လှန်အလှူတော် သပိတ်စစ်ကြောင်းမှာ “ Our Ambassador Our Voice ”ဆိုတဲ့ စာသားများကို ကိုင်ဆောင်ပြီး ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံကြောင်းကိုလည်း ဆန္ဒထုတ်ဖော်ခဲ့ကြပါသေးတယ်။

အလှူရှင်နဲ့ အဲ့ဘက်က သပိတ်ရဲဘော်တွေရဲ့ ဖိတ်ကြားမှုကြောင့် ကျနော်တို့ ရွာပေါင်းစုံ သပိတ်ကော်မတီဝင်အနေနဲ့ ပူးပေါင်းဝန်းရံဖြစ်တာ။ ဒီနေ့အလှူမှာ လူအင်အားက ၂၀၀ ဝန်းကျင် လောက်ရှိမယ် အချိန်ကတော့ နာရီဝက်လောက်ဘဲ ကြာတယ်  လို့ ရွာပေါင်းစုံသပိတ်ကော်မတီ အဖွဲ့ဝင်တဦးက ပြောပါတယ်။ 

ပြည်သူတွေအနေနဲ့ ရတဲ့အချိန်၊ ရတဲ့နေရာမှာ တော်လှန်ရေးကို အားသွန်ခွန်စိုက်ပြုလုပ်သွားမှာ ဖြစ်ကြောင်း၊ အချိန်နဲ့အမျှ တော်လှန်သွေး၊ တော်လှန်စိတ်အပြည့်နဲ့ ဆက်လက်တွန်းလှန်သွားမှာ ဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။ 

ယင်းမာပင် - ဆားလင်းကြီးရွာပေါင်းစုံသပိတ် လူငယ်တွေဟာ စက်တင်ဘာ ၂၀ ရက်ကလည်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း ရေပေါ်သပိတ် ပြုလုပ်ခဲ့ကြပါသေးတယ်။


စာတည်း လင်းဇေ 

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ယင်းမာပင်မြို့နယ် #တော်လှန်ရှင်ပြုအလှူ #ဆားလင်းကြီး #သပိတ်ကော်မတီ #ဦးကျော်မိုးထွန်း

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10