ယင်းမာပင်မှာ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ကထိခိုက်သေဆုံးသူတွေရှိ

ယင်းမာပင်မှာ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ကထိခိုက်သေဆုံးသူတွေရှိ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် ဇွန်လ ၉ ရက် မနေ့ မနက်အစော ၅ နာရီခန့်က စောင့်ကြိုတိုက်ခိုက်ခံရလို့ ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ Chindwin Toe Na Yar အဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်။

ဆားလင်းကြီးမြို့နယ်ကနေအင်အား ၁၅၀လောက်နဲ့ ခြေလျင်စစ်ကြောင်းထိုးလာတဲ့စစ်တပ်ကို ယင်းမာ ပင်မြို့နယ်၊ လည်ငေါက်ကျေးရွာအထွက် အမှတ် ၉ ဆည်မြောင်းအနီးမှာ စောင့်ကြိုတိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိတွေ့တိုက်ပွဲဖြစ်ပွားချိန် ၁နာရီခွဲ့ခန့်ကြာခဲ့တယ်လို့ ဆိုပါတယ်။

"စစ်ကြောင်းရဲ့တပ်အမည်တော့မသိရဘူး။ သူတို့က လည်ငေါက်ရွာမှာညအိပ်ပြီး မနက်စစ်ကြောင်းထွက်မယ်သတင်းရလို့ ကြိုတင်ပြင်ဆင်ပြီး စစ်ကြောင်းထွက်လာချိန်မှာတိုက်ခိုက်ခဲ့တာပါ” လို့  Chindwin Toe Na Yar အဖွဲ့တာဝန်ရှိသူ ဗိုလ်မုန်တိုင်းက ပြောပါတယ်။

အဲ့ဒီစစ်ကြောင်းကို PDF တွေက တဖက်ပွင့်မိုင်း ၃ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ပြီးတဲ့နောက် လက်နက်ကြီး၊ စနိုက်ပါတွေနဲ့ပစ်ခတ်ခဲ့လို့ စစ်သား ၉ ဦးသေဆုံးကာ ၆ ဦးခန့်ဒဏ်ရာရသွားတယ်လို့ ပြောဆိုပေမယ့် စစ်ကောင်စီဘက် ထိခိုက်သေဆုံးတာနဲ့ပတ်သက်ပြီးမြေလတ်အသံက သီးခြားအတည်မပြုနိုင်ပါဘူး။

 စစ်ကောင်စီတပ်ဘက်ကလည်း လက်နက်ကြီး၊ စက်လတ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့လို့ တော်လှန် ရေးရဲဘော်တွေအကြား ကျရောက်ပေါက်ကွဲခဲ့ပေမယ့် ထိခိုက်မှုမရှိခဲ့ဘဲ စစ်တပ်ဘက်က သေဆုံးဒဏ်ရာရသူတွေကို ရွှံနွံတွေကြားထဲ သယ်သွားတာကို မြင်ခဲ့ရတယ်လို့ သူကဆိုပါတယ်။

ဇွန်လ ၉ ရက်မနေ့ညနေပိုင်းမှာလည်း ယင်းမာပင်မြို့နယ်နဲ့နယ်မြေထိစပ်နေတဲ့ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရဲစခန်းကို ဒေသခံတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုတွေက ဝင်ရောက်စီးနင်းသိမ်းပိုက် နိုင်ခဲ့လို့ စစ်တပ်ဘက်ကရဟတ်ယာဥ်နဲ့ပစ်ကူခဲ့တိုက်ခိုက်လို့ အရပ်သားအမျိုးသမီးတဦး သေဆုံးခဲ့ပါသေးတယ်။

 

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#စစ်ကိုင်း #ယင်းမာပင် #တိုက်ပွဲသတင်း #စစ်ကောင်စီတပ် #PDF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10