ယင်းမာပင် PDF ကို ပြည်သူတွေရဲ့ ထောက်ပံ့ငွေနဲ့ စစ်ဝတ်တန်ဆာများ ပထမဆုံး တပ်ဆင်ပေး

ယင်းမာပင် PDF ကို ပြည်သူတွေရဲ့ ထောက်ပံ့ငွေနဲ့ စစ်ဝတ်တန်ဆာများ ပထမဆုံး တပ်ဆင်ပေး

 

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် အမှတ် ၁ စစ်ဒေသ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ ယင်းမာပင်ခရိုင် အမှတ် ၁ တပ်ရင်းက ရဲဘော်တွေအတွက် စစ်ဝတ်တန်ဆာတွေကို တပ်ဆင်ပေးခဲ့တယ်လို့ အဲ့ဒီတပ်ရင်းဆီက သိရပါတယ်။

စစ်ဆင်ရေးလှုပ်ရှားမှုများအတွက် ရည်ရွယ်ကာ ရဲဘော် ၃၀ ဦးကို စိစစ်ရွေးချယ်ပြီး ဖေဖော်ဝါရီ ၁၃ ရက်က ကျည်ကာအကျီ၊ စစ်ဖိနပ်၊ Equipment၊ ကျည်ကာဦးထုပ် အစုံ ၃၀ ကို တပ်ဆင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

"တိုက်ပွဲဝင်ချိန်မှာ ကိုယ့်အသက်ကို အကာအကွယ်ပေးနိုင်တဲ့ စစ်ဝတ်တန်ဆာတွေပါ။ ဒါတွေကို ဝတ်ဆင်ထားရတာက ကိုယ့်ကိုယ်ကိုလည်း  ယုံကြည်မှုပိုရှိစေတယ်။ ပထမဆုံး တပ်ဆင်ပေးတာပါ " လို့ သတင်းတာဝန်ခံ ရဲဘော် ဗလ ကပြောပါတယ်။

စစ်ဝတ်တန်ဆာတွေက ရန်သူ့ကျည်ကို ကာကွယ်ပေးတယ်ဆိုတာ အခြေအနေအရပ်ရပ်အပေါ် မူတည်သလို တဖက်က ရန်သူ့ရဲ့ကျည် အမျိုးအစားအပေါ်မှာလည်း မူတည်ပြီး လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် လွင့်စင်လာတဲ့ အစအနတွေ ထိမှန်ခဲ့ရင် အကာအကွယ် ပေးနိုင်ပါတယ်လို့ သူက ဆက်ပြောပါတယ်။

တော်လှန်ပြည်သူလူထုတရပ်လုံးက ထောက်ပံ့ကူညီခဲ့ကြတဲ့ စစ်အသုံးစရိတ် ရံပုံငွေများထဲက စစ်ဝတ်စုံ ၁ စုံကို ၇သိန်းခွဲ ကျပ်နှုန်းနဲ့ ဝတ်စုံ ၃၀ အတွက် နှစ်ရာနှစ်ဆယ့်ငါးသိန်း (၂၂,၅၀၀,၀၀၀) ကျော် ကုန်ကျစားရိတ်ရှိပြီး ခရီးစားရိတ်ငွေမပါသေးဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် ရဲဘော်တွေအတွက် မရှိမဖြစ် လိုအပ်တဲ့ ပွိုင့်ဖိနပ် ၁၁၅ စုံကို ဝယ်ယူနိုင်ဖို့အတွက်လည်း တော်လှန်ပြည်သူအများက ထောက်ပံ့ကူညီပေးနေကြတယ်လို့ သိရပါတယ်။

ပုံစာ- ဖေဖော်ဝါရီ ၁၃ ရက်က ရဲဘော်တွေကိုစစ်ဝတ်တန်ဆာများ တပ်ဆင်ပေးနေစဥ်။

စာတည်း-ဇို

#မြေလတ်အသံ

#စစ်ကိုင်း #ယင်းမာပင် #PDFတပ်ရင်း #တိုက်ပွဲဝင်ရဲဘော်များ #စစ်ဝတ်တန်ဆာပေးအပ် #ထောက်ပံ့ကူညီ
#တော်လှန်ပြည်သူ #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10