ယောဒေသ တောပန်းသပိတ်နဲ့ ချောက်မြို့ တော်လှန်ရေးအဖွဲ့များရဲ့ ပန်းသပိတ်

ယောဒေသ တောပန်းသပိတ်နဲ့ ချောက်မြို့ တော်လှန်ရေးအဖွဲ့များရဲ့ ပန်းသပိတ်

 

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြိုနယ်၊ ယောဒေသ အထက်တန်းကျောင်းတကျောင်းမှာ ဆရာ/မ နဲ့ကျောင်းသား/သူတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့ကို တောပန်းလေးတွေနဲ့ အလှဆင်ပြီး၊ ပန်းသပိတ်နဲ့ ဂုဏ်ပြုခဲ့တယ်လို့ အထက်တန်းပြ CDM ဆရာမတဦးထံက သိရပါတယ်။

"ပန်းတွေက ကလေးတွေ ချောင်းနားမှာသွားခူးကြတာပါ။ တောအရပ်မှာပေါက်တဲ့ပန်းလေးတွေပါတာများတယ်။ မြို့ကိုလည်းသွားဖို့မလွယ်တော့ ကိုယ့်ဒေသပေါက်တဲ့ပန်းလေးတွေနဲ့ အမေစုမွေးနေ့အမှတ်တရအဖြစ် ပန်းသပိတ်မှာပါဝင်ရင်း လုပ်ဖြစ်ခဲ့တာပါ" လို့ ဆရာမက မြေလတ်အသံကို ပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၈ နှစ်ပြည့်မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီနေ့လယ် ၂ နာရီမှာ ပန်းသပိတ်ပြုလုပ်ခဲ့ကြပြီး၊ "အမေစု ကျန်းမာပါစေ၊ အမြန်ဆုံးလွတ်မြောက်ပါစေ၊ သက်တော်ရာကျော်ရှည်ပါစေ" လို့ မွေးနေ့ဆုမွန်ကောင်းတွေ တောင်းပေးခဲ့ကြတယ်လို့ သိရပါတယ်။

အလားတူ ချောက်မြို့နယ်ပြောက်ကျားတပ်ဖွဲ့နဲ့ ချောက် ပ.က.ဖတို့ ပူးပေါင်းပြီး ပန်းသပိတ်ပြုလုပ်ခဲ့ကြပါတယ်။

ယနေ့မနက် ၆ နာရီက ပြုလုပ်တာဖြစ်ပြီး "ဗေဒါပျံအံကိုခဲ ပန်းပန်လျက်ပဲ" " မွေးနေ့မှစ၍ နှစ်ပေါင်းများစွာ တိုင်အောင်အသက်ရှည် ကျန်းမာပါစေမေမေ" စာတန်းနဲ့ ပြုလုပ်ကြတာဖြစ်တယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပြီးလွတ်မြောက်စေဖို့ နိုင်ငံရေးအကျဥ်းသားတွေလွတ်မြောက်ဖို့အပြင် ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူတွေဘယ်လောက်ချစ်တယ်ဆိုတာကိုပြသချင်လို့ ပြုလုပ်တာဖြစ်တယ်လို့ ချောက်မြို့နယ်ပြောက်ကျားတပ်ဖွဲ့တာဝန်ခံ ကိုဘကွန်း က ဆိုပါတယ်။

စောကျော်ငြိမ်း၊ စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#မကွေးတိုင်း #ယော #ချောက် #ပန်းသပိတ် #လူထုလှုပ်ရှားမှု #ပကဖ #ပြောက်ကျားတပ်ဖွဲ့

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10