ယောဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒေသခံပြည်သူတွေနဲ့ တွေ့ဆုံပွဲပြုလုပ်

ယောဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒေသခံပြည်သူတွေနဲ့ တွေ့ဆုံပွဲပြုလုပ်

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်က ကျေးရွာတရွာမှာ ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(YPDF)နဲ့ ဒေသခံပြည်သူတွေ အောက်တိုဘာ ၉ ရက် မနေ့က မနက် ၁၁ နာရီကနေ နေ့လယ် ၁၂ နာရီအထိ တွေ့ဆုံပွဲပြုလုပ်ခဲ့ကြတယ်လို့ YPDF တပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

အဲ့ဒီတွေ့ဆုံပွဲမှာ ဒေသခံပြည်သူ ၈၀ နီးပါးတက်ရောက်ခဲ့ကြသလို ပြည်သူတွေအနေနဲ့လည်း တော်လှန်ရေးမှာ တတ်နိုင်တဲ့ဘက်ကနေ  ဆက်လက်ပါဝင်ပေးကြပါက အမှန်တကယ် အောင်မြင်လာမှာဖြစ်ကြောင်း၊ ယောဒေသ ယောလူမျိုးတွေအနေနဲ့လည်း အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်ချိန်မှာ ကျန်ခဲ့တာမျိုး၊ ချန်ခဲ့တာမျိုးမဖြစ်ဖို့ လုပ်ဆောင်လိုကြောင်း စတဲ့အကြောင်းအရာတွေကို ဆွေးနွေးပြောဆိုခဲ့ကြတယ်လို့လည်း ဆိုပါတယ်။

“တော်လှန်ရေးမှာ ဘာမှမတတ်နိုင်ရင်တောင် နှုတ်နဲ့ အားပေးစကားပြောတာကလည်း တော်လှန်ရေးလုပ်တာပဲ၊ တော်လှန်ရေးကို ကိုယ့်ကြောင့်နှောင့်နှေးတာမျိုး၊ ထိခိုက်စေတာမျိုး မဖြစ်ဖို့လိုတယ်” လို့ ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ဒါ့အပြင် ပြည်သူတွေအနေနဲ့လည်း သူလျှိုတွေမလုပ်ကြဖို့ နဲ့ PDF၊ ပကဖ၊ ပအဖတွေနဲ့ ပတ်သက်လို့ မှားနေရင် အမှန်ပြင်ပေးကြဖို့ မကြောက်ကြဖို့လိုကြောင်းကိုလည်း ပြောဆိုခဲ့ပါတယ်။ အခုလို ယောနယ်က ပြည်တွေကို လိုက်လံတွေ့ဆုံဆွေးနွေးပွဲလုပ်တာ ကျေးရွာ ၈ ရွာခန့်ရှိပြီးဖြစ်တယ်လို့လည်း ဆိုပါတယ်။

တွေ့ဆုံဆွေးနွေးပွဲတွေ လိုက်လံပြုလုပ်စဉ်မှာလည်း ပြည်သူတွေဘက်က ကြိုဆိုထောက်ခံကြသလို ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) မှ ဗဟိုအလုပ်အမှုအဆောင်ကော်မတီဝင် ရဲဘော်အောင်ကြီးက တပ်ဖွဲ့ရဲ့ “ပြည်သူမှ ပြည်သူသို့” အစီအစဉ်အဖြစ် စစ်ဘေးရှောင်ကလေးတွေအတွက် ဗလာစာအုပ် ၃ ဒါဇင်၊ ခဲတံ ၃၆ ချောင်း၊ ဘောပင် ၂၅ ချောင်းတို့ကိုလည်း လှူဒါန်းခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၉ ရက်ကလည်း ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) ဗဟိုအလုပ်အမှုဆောင်ကော်မတီ ဥက္ကဌ၊ အထွေထွေအတွင်းရေးမှူးနဲ့ အဖွဲ့များ၊ တပ်ရင်းတပ်ဖွဲ့မှ တာဝန်ရှိသူများက လူထုစည်းရုံးရေးခရီးစဉ်အဖြစ် လှုပ်ရှားနယ်မြေအတွင်းရှိ ကျေးရွာတရွာကို သွားပြီး တော်လှန်ရေးအရွေ့နဲ့ နိုင်ငံရေးအခြေအနေများကို ရှင်းလင်းပြောကြားခဲ့ကြပါသေးတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #လူထုတွေ့ဆုံပွဲ #မကွေးတိုင်း #ဂန့်ဂေါ #YPDF #ပြည်သူမှပြည်သူသို့

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10