ရပ်ရွာလူထုအခြေပြု အထကကျောင်းမှာ အောင်လက်မှတ်ပေးအပ်ပြီး စုံညီပွဲတော်ပြုလုပ် (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံ ရပ်ရွာလူထုအခြေပြု အထက်တန်းကျောင်းတကျောင်းမှာ မေ ၉ ရက်က ပညာရေးစုံညီပွဲတော်ကို ပြုလုပ်ပေးခဲ့တယ်လို့ ရေစကြိုမြို့နယ် ပညာရေးမိသားစုဌာန PEC.5 ဆီက သိရပါတယ်။

ကွန်ပျူတာအခြေခံသင်တန်းကို ဇန်နဝါရီလ အစောပိုင်းကာလမှာ စတင်ကာ ၄ လကျော်ကြာ သင်ကြားပေးခဲ့ပြီး အင်္ဂလိပ်စာသင်တန်းကိုတော့ ၂၀၂၃ ဒီဇင်ဘာလအစောပိုင်းမှာ ၅ လကျော်ကြာ သင်ကြားပေးခဲ့ကာ အောင်လက်မှတ်တွေ ပေးအပ်ရင်း စုံညီပွဲတော်ကိုပါ ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။

"အခြေခံသင်တန်းမှာ တက်ရောက်ခဲ့တဲ့ ကလေးတွေကို အသိအမှတ်ပြုရာရောက်အောင် လက်မှတ်တွေ ထုတ်ပေးခဲ့တာပါ" လို့ PEC.5 တာဝန်ခံ ဆရာခိုင်ကပြောပါတယ်။

သင်တန်းသား ၁၀ ဦး၊ သင်တန်းသူ ၆၀ ဦးတက်ရောက်သင်ကြားခဲ့ပြီး သင်တန်းဆင်းလက်မှတ်များကို သင်တန်းသားအားလုံးအတွက် မပေးရသေးဘဲ ၃၇ ဦးအတွက်သာ ပေးခဲ့ရသေးတယ်လို့ တာဝန်ခံက ဆိုပါတယ်။

အဲဒီလို စုံညီပွဲတော်ပြုလုပ်ရာမှာ သင်တန်း သား/သူများ၊ ဆရာ/မများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပြီး ကျောင်းသားလူငယ်လေးများက အဆို၊ အကများနဲ့ဖျော်ဖြေခဲ့ကြတယ်လို့ သိရပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ရေစကြို #ရပ်ရွာလူထုအခြေပြုအထကကျောင်း #သင်တန်း #အောင်လက်မှတ်ပေး #စုံညီပွဲတော်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10