ရိက္ခာဖူလုံရေး စိုက်ပျိုးမွေးမြူလုပ်ငန်းတွေ တိုးချဲ့ဖို့ ရံပုံငွေနည်းပါးနေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် တပ်ရင်း ၁ မှာ စားနပ်ရိက္ခာဖူလုံဖို့အတွက် ၂၀၂၂ ခုနှစ် အစောပိုင်းမှစပြီး သီးနှံစိုက်ခင်းတွေနဲ့ မွေးမြူရေးလုပ်ငန်းတွေ လုပ်ကိုင်နေကြတယ်လို့ အဲ့ဒီတပ်ရင်းဆီက သိရပါတယ်။

တပ်ရင်းက ရဲဘော်ရဲမေတွေ ရိက္ခာအတွက် မေလအစောပိုင်းမှာ ကြက်သွန်၊ နှမ်း၊ စပါး သီးနှံတွေကို စိုက်ပျိုးလုပ်ကိုင်နေပြီး တိုးချဲ့လုပ်ကိုင်ဖို့ ရံပုံငွေအခက်အခဲရှိနေတယ်လို့ တပ်ဖွဲ့ ထောက်ပို့တာဝန်ခံ ရဲမေ မချယ်ရီ ကပြောပါတယ်။

ဒေသရာသီအလိုက် ကြက်သွန် ၀.၂၅ ဧက၊ နှမ်း ၀.၂၅ ဧကနဲ့ စပါး ၁ ဧက တို့ကို စိုက်ခင်းအကျယ် ၁ ဧကခွဲခန့်မှာ စိုက်ပျိုးနေကြတာဖြစ်ပြီး မြေနေရာကို ဒေသခံပြည်သူတွေက ငွေကြေးမယူဘဲ ငှားရမ်းပေးထားတာလို့ သူမက ဆက်ပြောပါတယ်။

စိုက်ပျိုးမြေနေရာ၊ ဆည်ရေရဖို့နဲ့ စိုက်ပျိုးရေးအတွက်လိုအပ်တာတွေကို ဒေသခံပြည်သူတွေ၊ ပအဖ၊ ပကဖတို့က ရဲဘော်များနဲ့အတူ ကူညီလုပ်ကိုင်ပေးပြီး ယခင်ကရရှိလာတဲ့ စိုက်ပျိုးသီးနှံတွေကို တပ်ရင်းအတွက်သုံးသလို စစ်ရှောင်တွေကိုလည်း မျှဝေပေးတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တပ်ဖွဲ့မှာ အသားဟင်းအတွက် ကြက်ငယ်များ တနိုင်တပိုင် မွေးထားသလို ကြက်၊ဘဲ၊ ဝက်၊ ဆိတ် တို့ကို ခြံဝန်းနဲ့မွေးမြူချင်ပေမယ့် ရံပုံငွေလိုအပ်ချက်ကြောင့် တိုးချဲ့မမွေးမြူနိုင်သေးတာလို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - HP

#မြေလတ်အသံ

#စစ်ကိုင်း #ယင်းမာပင် #PDF #ရိက္ခာ #စိုက်ပျိုးမွေးမြူရေး #ရံပုံငွေ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10