ရိုးနာကျပြီး ငရုတ်သီးစိမ်းဈေးကောင်းမရလို့  တောင်သူတွေ တွက်ခြေမကိုက်

ရိုးနာကျပြီး ငရုတ်သီးစိမ်းဈေးကောင်းမရလို့  တောင်သူတွေ တွက်ခြေမကိုက်

 

ဩဂုတ်လနောက်ဆုံးပတ်က ပဲခူးတိုင်းအနောက်ခြမ်းမှာ မိုးရွာသွန်းမှုများပြီး ငရုတ်ပင်တွေရောဂါဝင်ရောက်တာကြောင့်  ဈေးကွက်အတွင်း ငရုတ်သီးဈေးကောင်းမရလို့ တွက်ခြေမကိုက်ဘူးလို့ ငရုတ်စိုက်တောင်သူတဦးက ပြောပါတယ်။

ဩဂုတ်လလယ်က ရောင်းချရတဲ့ ငရုတ်စိုက်တောင်သူတွေ ဈေးကောင်းရပေမယ့် စက်တင်ဘာလဆန်းမှာပေါ်တဲ့ ငရုတ်စိုက်တောင်သူတွေအနေနဲ့ ဈေးကောင်းမရလို့ တွက်ခြေမကိုက်ဘူးလို့သူက ဆက်ပြောပါတယ်။

"ငရုတ်မျိုးထုပ်တို့ အားဆေးတို့ကို ဈေးကြီးပေးဝယ်ရတာ။ လုပ်အားခလည်း ဈေးကြီးပေးငှားရ ခူးရပြီး ကိုယ်ရောင်းရမယ့်အချိန်ကျမှ ဈေးကျသွားတာ လုပ်အားခတွေ အချိန်တွေရှုံးတယ်။ နောက်ရက်ဈေးထပ်ကျအုံးမယ်လို့တောင် ကြားနေရတယ်” လို့ ငရုတ်စိုက်တောင်သူတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ဩဂုတ်လလယ်က ငရုတ် ၁ ပိဿာဒိုင်ပေါက်ဈေးမှာ ကျောက်စိမ်းကျပ် ၁၀၀၀၊ ပီနံကျပ် ၄၃၀၀၊ မိုးထောင်ကျပ် ၁၉၀၀နဲ့  ပျော်ဘွယ်ကျပ် ၂၃၀၀ ဈေးပေါက်ပြီး စက်တင်ဘာလဆန်း ဒိုင်ပေါက်ဈေးမှာ ကျောက်စိမ်းကျပ် ၁၀၀၀၊ ပီနံကျပ် ၃၅၀၀၊  မိုးထောင်ကျပ် ၁၅၀၀ နဲ့ ပျော်ဘွယ်ကျပ် ၁၈၀၀ တို့ဖြစ်တယ်လို့ ဆိုပါတယ်။

ပဲခူးတိုင်းအနောက်ခြမ်းကငရုတ်အဝယ်ဒိုင်ပိုင်ရှင်ကတော့  ငရုတ်ပင်မှာ ကွက်ပုတ် ရိုးနာကျကာ ပစ္စည်းအလေ့အလွင့်များပြီး စျေးကွက်အဝယ်မလိုက်တာကြောင့် ဈေးကျတာဖြစ်တယ်လို့ ဆိုပါတယ်။

ငရုတ်ကို ပဲခူးတိုင်းအနောက်ခြမ်းမှာ အုတ်ဖို၊ ဇီးကုန်းနဲ့ သဲကုန်းမြို့နယ် ဝက်ပုတ်ရွာတို့မှာ စိုက်ပျိုးကြပြီး ရခိုင်ပြည်နယ်ကို အဓိကတင်ပို့ရတယ်လို့ သိရပါတယ်။ 

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #ငရုတ်သီး #တောင်သူလယ်သမား #စိုက်ပျိုးရေး #ဈေးနှုန်းကျဆင်း #သီးနှံဈေးကွက် #ပဲခူးတိုင်းအနောက်ခြမ်း #ရိုးနာကျရောဂါ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10