ရုတ်တရက်တိုက်ခိုက်ခံရလို့ ကင်းစောင့်စစ်သား ၅ ဦးသေဆုံးဟုဆို (ရုပ်သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့က GTC ကျောင်းအဝင်ပေါက်မှာ စောင့်နေတဲ့ စစ်သားတွေကို မတ်လ ၁၃ ရက် မနေ့မနက် ၁၁ နာရီလောက်က ဒေသခံ PDF မဟာမိတ်ညီနောင် ၆ ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။

ကားနဲ့သွားကာ သေနတ် ၄ လက်နဲ့ ရုတ်တရက်ပစ်ခတ်ခဲ့လို့ စစ်သားတွေပြန်လည်ပစ်ခတ်ချိန်မရှိဘဲ လဲကျကုန်တယ်လို့ ပြောပါတယ်။


တိုက်ခိုက်မှုအပြီးမှာ မုံရွာ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) က ကား ၂ စီးအင်အားအပြည့်နဲ့ မုံရွာတောင်ဘက်ကို မောင်းနှင်လာတယ်လို့ကြိုတင်သတင်းရလို့ ရဲဘော်အားလုံ အန္တရာယ်ကင်းစွာပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ Area 71 PDF ပြန်ကြားရေးတာဝန်ခံ သီအို က မြေလတ်အသံကို ပြောပါတယ်။

Area 71 PDF ထုတ်ပြန်ချက်မှာ ပစ်ခတ်မှုအတွင်း စစ်ကောင်စီဘက်က ၅ ဦး ပွဲချင်းပြီး သေဆုံးတယ်လို့ ဆိုထားပါတယ်။

အဲဒီတိုက်ခိုက်မှုကို Area 71 PDF_Monywa၊ One Local People Defence Force Burma ၊Independence_ArmyRonin_Thirteen-Peoples_Force Youth_Revolation_Attack_Force၊ Monywa_Peoples_Liberation_Force တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စာတည်း - 007
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10