ရေစကြိုက စစ်ကောင်စီဂိတ်ကို အနီးကပ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ ရေစကြိုမြို့နယ်က စစ်ကောင်စီဂိတ်ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဘက်က ၁ ဦးသေပြီး ၃ ဦးထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ Pakokku underground Force က သတင်းထုတ်ပြန်ထားပါတယ်။ 

ရေစကြိုမြို့နယ်၊ ပန်းတိုင်ခြုံကျေးရွာမှာ တပ်မ ၁၀၁ က စစ်အုပ်စုအင်အား ၂၀ ခန့်နဲ့ တပ်စွဲထားရာကို နိုဝင်ဘာလ ၁၅ ရက် မနေ့မနက်  ၅ နာရီလောက်ကစကာ လမ်းတဘက်ခြမ်းကနေ အနီးကပ် ပစ်ခတ်ခဲ့တယ်လို့ Pakokku underground Force မှ တာဝန်ခံရဲဘော်ကံကောင်းက ပြောပါတယ်။ 

အနီးကပ်ပစ်ခတ်မှု မစတင်မီ မီတာ ၂၀၀ ဝန်းကျင်ကနေ လက်နက်ကြီးနဲ့ အရင်ပစ်ခတ်ပြီးနောက် ၄၅ မိနစ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

တိုက်ခိုက်မှုအပြီးမှာ စစ်အုပ်စုဘက်က ရေစကြိုမြို့တွင်းလမ်းပိုင်းနဲ့ ရေစကြို -ပခုက္ကူ လမ်းပိုင်းတွေမှာပါ အင်အားတွေတိုးချဲ့ချထားနေတယ်လို့ ရဲဘော်ကံကောင်းက ပြောပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို ပခုက္ကူမြို့နယ်ပ.က.ဖ တပ်ခွဲ ၂ တပ်စိပ် ၃ Pakokku underground Force၊ Young Force Shwe Nyar Myay၊ PPDF၊ ပြည်သူ့အားမာန်၊ ပခုက္ကူမြို့နယ် (ပြည်သူ့လုံခြုံရေးတပ်ဖွဲ့)၊ Pskokku rangers၊ ပခုက္ကူမြို့နယ်ပ.က.ဖ၊ Pakokku Special Test Force၊ Thu rain၊ black Cobra၊ Pakokku Special Gurreilla Forceအဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ 

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော် 

#မြေလတ်အသံ

#မြေလတ်သတင်း #ရုပ်သံသတင်း #မကွေးတိုင်း #ရေစကြိုမြို့နယ် #စစ်ကောင်စီ #ဒေသကာကွယ်ရေးအဖွဲ့ #ပကဖ #တိုက်ပွဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10