ရေစကြိုက ပြည်သူ့အခြေပြုကျောင်းတခုမှာ ရှစ်လေးလုံးအရေးတော်ပုံ အောက်မေ့ဖွယ် အခမ်းအနားပြုလုပ်

ရေစကြိုက ပြည်သူ့အခြေပြုကျောင်းတခုမှာ ရှစ်လေးလုံးအရေးတော်ပုံ အောက်မေ့ဖွယ် အခမ်းအနားပြုလုပ်

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ပြည်သူ့အခြေပြု အထက်တန်းကျောင်း (CBE- YSO 26) မှာ ၃၅ နှစ်မြောက် ရှစ်လေးလုံးအရေးတော်ပုံ အောက်မေ့ဖွယ်အခမ်းနားကို သြဂုတ် ၈ ရက် ဒီမနက် ၈ နာရီခွဲလောက်မှာ ပြုလုပ်ခဲ့တယ်လို့ ရေစကြိုမြို့နယ်ပညာရေးဘုတ်အဖွဲ့ အနောက်လက် မြေပြင်ပညာရေးတာဝန်ခံ ဆရာဒီ ဆီက သိရပါတယ်။ 

အဲ့ဒီအခမ်းအနားမှာ လူဦးရေ ၄၀၀ နီးပါးတက်ရောက်ခဲ့ပြီး ရှစ်လေးလုံးသမိုင်း အကြောင်းအရာတွေကို အဓိကထား ဟောပြောခဲ့ကာ ရဟန်းရှင်လူ၊ ကျောင်းသားပြည်သူတွေ သမိုင်းအကြောင်းအမှန်သိရှိကာ အာဏာရှင်တော်လှန်ရေးမှာ သွေးမအေးစေလိုတဲ့ရည်ရွယ်ချက်ဖြင့် ကျင်းပရခြင်းဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒီအခမ်းအနားကို မြို့နယ် ပအဖ၊ ရပ်ကျေး ပအဖ၊ ရပ်ကျေး ပအဖနဲ့ ရေစကြိုမြို့နယ် ပညာရေးဘုတ်အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး တက်ရောက်လာတဲ့ ကဗျာဆရာ၊ ကျောင်းဆရာတွေကလည်း ကဗျာရွတ်ဆိုပြီး အခမ်းအနားကို ပိတ်သိမ်းပေးခဲ့ကြတယ်လို့ သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ 

#မကွေး #ရေစကြို #ရှစ်လေးလုံးအရေးတော်ပုံ #အောက်မေ့ဖွယ် #အခမ်းအနား #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10