ရေစကြိုနယ်က ပျူစောထီး နဲ့ PDF ထိတွေ့ပစ်ခတ်မှုဖြစ်လို့ ပျူစောထီး ၃ ဦးသေပြီး နှစ်ဘက် ဒဏ်ရာရသူများရှိ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ဟင်္သာရွာက ပျုစောထီးတွေ နဲ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ ဇွန် ၁ ရက်နေ့ မနက် ၅ နာရီလောက်မှာ ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့  Urban Underground Revolution Force - YSO တပ်ဖွဲ့ဆီက သိရပါတယ်။ 

ဟင်္သာရွာပြင်မြောက်ဘက်မှာ အင်အား ၅၀ ဝန်းကျင် နဲ့ အထိုင်ချတပ်စွဲနေတဲ့  ပျုစောထီးတွေအပါအဝင် စစ်ကောင်စီတပ်သားတွေ နဲ့  ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ အပြန်အလှန်ပစ်ခတ်မှု ၂ နာရီခန့်ကြာမြင့်ခဲ့ပြီးတဲ့နောက် ပျုစောထီးဘက်က ၃ ဦးသေဆုံးပြီး ၆ ဦးထိခိုက်ဒဏ်ရာရရှိသွားသလို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်ကလည်း ၅ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ 

“ထိခိုက်သေဆုံးတာနဲ့ ဒဏ်ရာရတာတွေကို အတွင်းသတင်းအရသိရတာပါ၊ ကျနော်တို့ဘက်က ထိခိုက်ဒဏ်ရာရတဲ့လူတွေက စိုးရိမ်ရတဲ့အနေအထားမဟုတ်ပါဘူး၊ တ‌ယောက်ကတော့ ဆေးရုံတင်ထားရတယ် အပြန်အလှန်ပစ်ခတ်နေတဲ့အချိန် ကျနော်တို့ဘက်မှာ RPG ပြောင်းကွဲသွားလို့တ‌ယောက်က ထိသွားတယ် ” လို့ Urban Underground Revolution Force - YSO တပ်ဖွဲ့မှ သတင်း နဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော် ကေစီက ပြောပါတယ်။

ဒီနေ့မနက်မှာလည်း ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ ခြုံခိုတိုက်ခိုက်ခဲ့တဲ့နေရာမှာ စစ်ကောင်စီ နဲ့ ပျူစောထီးတွေက ခြုံတွေကိုရှင်းလင်းနေတယ်လို့လည်း သိရပါတယ်။ Urban Underground Revolution Force - YSO တပ်ဖွဲ့အနေနဲ့ ဟင်္သာရွာကို ဝင်ရောက်တိုက်ခိုက်တာ ပထမအကြိမ်သာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဟင်္သာရွာထဲကို စစ်ကူလာတဲ့ စစ်ကောင်စီတပ်သားတွေဟာ ဇွန် ၂ ရက် နေ့လယ် ၂ နာရီလောက်မှာ ဇီးကုန်းရွာဘုန်းကြီးကျောင်းထဲမှာ နားနေချိန် Urban Underground Revolution Force - YSO ပူးပေါင်းတပ်ဖွဲ့က ဒရုန်းဗုံးသီး ၃ လုံးနဲ့ ပစ်ချတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၇ ဦးထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

တိုက်ခိုက်မှုကို Urban Underground Revolution Force - YSO၊ မြင်းခြံခရိုင်အမှတ် (၁)တပ်ရင်း 27 Revolution Force၊ နဂါးနီကွန်မန်ဒိုပြောက်ကျားတပ်ဖွဲ့ ၊ MRG၊ ပခုက္ကူခရိုင်တပ်ပေါင်းစု၊ Yesagyo Revolution Group တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ 

#ရေစကြို #ပျူစောထီး #စစ်အုပ်စု #တပ်စခန်း #ကာကွယ်ရေးပူပေါင်းအဖွဲ့   #ထိတွေ့တိုက်ပွဲ #နှစ်ဘက်ထိခိုက် #PDF #မြေလတ်သတင်း #မြေလတ်ရုပ်သံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10