ရေစကြိုနယ်က လူထုလှုပ်ရှားမှုသပိတ်

ရေစကြိုနယ်က လူထုလှုပ်ရှားမှုသပိတ်

မကွေးတိုင်း၊ ရေစကြိုမြို့နယ်ရှိ ကျေးရွာတရွာမှာ နိုဝင်ဘာလ ၈ ရက်ညပိုင်းက စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ လူထုသပိတ်လှုပ်ရှားမှု တခုပြုလုပ်ခဲ့တယ်လို့ မုံရွာလူထုသပိတ်ဦးဆောင် ကော်မတီဆီက သိရပါတယ်။  

“ဖက်ဆစ်တပ်ကို စွန့်ခွာကြ ပြည်သူ့ရင်ခွင်ခိုလှုံကြ” ခေါင်းစဥ်နဲ့ သပိတ်ပြုလုပ်ခဲ့တာဖြစ်ပြီး စစ်ကောင်စီလက်အောက်ခံတွေကိုလည်း ပြည်သူ့ဘက်ကို ပူးပေါင်းကြဖို့ လူထုသပိတ်ဦးဆောင် ကော်မတီဝင် ခန့်ဝေဖြိုးက ပြောပါတယ်။ 

“ဖက်ဆစ်စစ်တပ်ရဲ့ အသုံးချခံဖြစ်နေတဲ့အောက်ခြေက အရာရှိနဲ့ လက်အောက်ခံတပ်သားတွေကို ပြည်သူနဲ့ ပူးပေါင်းဖို့၊ ပြည်သူ့ရင်ခွင်ခိုလှုံဖို့ ပြောချင်ပါတယ်။ အခုအချိန် ခိုလှုံမယ်ဆိုရင် ပြည်သူတွေက နွေးနွေးထွေးထွေး ကြိုဆိုနေပါတယ် " လို့ ကိုခန့်ဝေဖြိုးက မြေလတ်အသံကိုပြောပါတယ်။


ပြည်သူ့ရင်ခွင်ခိုလှုံမယ့် တပ်သားတွေရဲ့လုံခြုံရေးကိုလည်း အာမခံသလို စစ်တန်းလျားနဲ့ ရဲစခန်းအတွင်းရှိ မိသားစုဝင်တွေအနေနဲ့လည်း တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်တဲ့ အချိန်မှာ အလံဖြူထောင်ပြီး ပြည်သူနဲ့ပူးပေါင်းပါလို့ သူက တိုက်တွန်းပါတယ်။ 

လက်ပံတောင်းတောင် လူထုသပိတ်၊ မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ မုံရွာလူထု သပိတ်ဦးဆောင်ကော်မတီတို့က ဦးဆောင်ပြီး ဒေသခံ စုစုပေါင်း ၁၀၀ လောက်က မနေ့ည ၈ နာရီလောက်မှာ သပိတ်ပြုလုပ်ခဲ့ကြတာပါ။ 



ဒီသပိတ်စစ်ကြောင်းကို ရေစကြိုပြည်သူ့ကာကွယ်ရေးရဲဘော်တွေက လုံခြုံရေးယူပေးခဲ့ကြတယ် လို့လည်း သိရပါတယ်။ 

#မြေလတ်အသံ
#မကွေး #ရေစကြို #လူထုသပိတ် #အာဏာရှင်ဆန့်ကျင် #သတင်း #မြေလတ်သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10