ရေစကြိုနယ် ဂွေးချိုပျူစောထီးစခန်းကို လက်နက်ကြီးနဲ့ ဝိုင်းဝန်းတိုက်ခိုက် (ရုပ်/သံ)

ရေစကြိုနယ် ဂွေးချိုပျူစောထီးစခန်းကို လက်နက်ကြီးနဲ့ ဝိုင်းဝန်းတိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်အတွင်းရှိ ပျူစောထီးတွေအထိုင်ချ နေထိုင်နေတဲ့ ဂွေးချို ပျူစခန်းကို ဖေဖော်ဝါရီ ၁၉ ရက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ Southen YSO တပ်ဖွဲ့ဆီက သိရပါတယ်။

ရေစကြိုမြို့နယ်ကနေ ၂၅ မိုင်ခန့်ကွာဝေးတဲ့ ဂွေးချို ရွာကို ညနေ ၃ နာရီခွဲခန့်မှာ လက်လုပ် ၆၀၊ ၈၀၊ ၁၂ဝ မမ တွေနဲ့ အလုံးရေ ၁၅၀ နီးပါး ပစ်ခတ် တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ပျူစခန်းဘက်ကလည်း လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်တာတွေပြုလုပ်ခဲ့ပေမယ့် တော်လှန်ရေးအင်အားစုတွေဘက်မှာ ထိခိုက်သေဆုံးမှုမရှိဘဲ ပျူစောထီးတွေထိခိုက်သေဆုံးတဲ့ အခြေအနေကိုလည်း စုံစမ်းဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကိုတောာ့ မြိုင်မြို့နယ် လက်နက်ကြီးအဖွဲ့၊ Scarled TKGF ရွှေဟင်္သာ၊ မာဃ MRTF၊ Southern YSO PDF၊ ပြည်သူ့အားမာန် PDF အဖွဲ့တို့ ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#မကွေး #ပခုက္ကူ #ရေစကြို #ပျူစောထီစခန်း #လက်နက်ကြီးတိုက်ခိုက်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10