သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်ကနေ စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တဲ့အတွက် ဆင်ခြေယာရွာ က နို့တိုက်မိခင် ၁ ဦးအပါအဝင် ၆ ဦးထိမှန်ဒဏ်ရာရရှိသွားတယ်လို့ အဲဒီရွာ ရပ်ကျေးပကဖတာဝန်ခံဆီက သိရပါတယ်။
ဇန်နဝါရီ ၂၆ ရက် မနေ့ ညနေ ၄ နာရီခွဲမှာ ရေစကြိုမြို့ပေါ်ကနေ ၁၂၀ မမ ၃ လုံး နဲ့ ပစ်ခတ်ခဲ့ရာ မြို့ပေါ် နဲ့ ၄ မိုင်ခန့်အကွာမှာရှိတဲ့ ဆင်ခြေယာရွာထဲကို လက်နက်ကြီးကျည် ၂ လုံးကျရောက်ပေါက်ကွဲသွားပြီး အဲဒီရွာက အမျိုးသမီး ၄ ဦးနဲ့ အမျိုးသား ၂ ဦးထိမှန်ဒဏ်ရာရရှိသွားတယ်လို့ ဆိုပါတယ်။
“ ၃ ချက် အသံကြားတယ်။ ၁ လုံးကတော့ရွာထဲမှာ လိုက်ရှာနေတုန်း။ မကွဲတဲ့ အလုံး ၁ လုံးကတော့ရှိဦးမယ်။ ထိခိုက်ဒဏ်ရာရတာတော့ရှိတယ်။ သေဆုံးတာတော့ မရှိဘူး။ နေအိမ် ၁ လုံးတော့ ပျက်စီးသွားတယ်။” လို့ ဆင်ခြေယာရွာရပ်ကျေးပကဖတာဝန်ခံ ကိုဇင်ကို က ပြောပါတယ်။
“ဒီကလေးမလေးရဲ့ အမျိုးသားက ကျနော်တို့အဖွဲ့ထဲက။ သူကအဖွဲ့ထဲမှာရောက်နေတဲ့အချိန် နောက်က အသံကြားလို့ သွားကြည့်တဲ့အခါ ဒီကလေးမလေးက နေရာမှာတင်ပေါင်ပြတ်သွားတယ်။ ကျနော်တို့လည်း ကားချက်ချင်းစီစဉ်ပြီးတော့ ဆေးရုံပို့ရတာပဲ။” လို့ သူက ဆိုပါတယ်။
ပထမဆုံးပစ်ခတ်လိုက်တဲ့ လက်နက်ကြီးဟာ နေအိမ်တည့်တည့်ပေါ်ကျရောက်သွားတဲ့အတွက် မအိကေကျော် ပေါင်ပြတ်သွားတာဖြစ်ပြီး အိမ်နီးနားချင်းတွေဖြစ်တဲ့ ဒေါ်ကြည်မာကတော့ ညာဘက်ပေါင်ရင်းထိမှန်သွားသလို မကွေးကွေး ကတော့ ဝဲဘက်ခြေထောက်နဲ့ ပုခုံး ၊ ဦးတိုးဝင်းကတော့ ဝဲဘက်ပေါင်၊ ဒေါ်မြင့်ရီကတော့ ဝမ်းဗိုက်၊ ကိုအောင်ကိုကတော့ နားတဖက် နားစည်ကွဲသွားတယ်လို့ သိရပါတယ်။
နောက်ထပ် ၁ လုံးကတော့ အဲဒီအိမ် နဲ့ ၂ အိမ်ကျော်လောက်က ရေကန်ကို ကျရောက်သွားတယ်လို့ ရေကန်နဲ့ ငှက်ပျော်ပင်တချို့သာ ထိမှန်သွားခဲ့ပါတယ်။
ရေစကြိုမြို့ပေါ်ကနေ မကြာခဏလက်နက်ကြီးတွေနဲ့ ပစ်ခတ်တာမျိုးတွေရှိပေမယ့်လည်း အခုလို ဆင်ခြေယာရွာထဲကို လက်နက်ကြီးကျရောက်ပေါက်ကွဲတာဟာ ပထမအကြိမ်ဖြစ်တယ်လို့ ဆိုပါတယ်။ လက်နက်ကြီး ကျရောက်ပေါက်ကွဲတဲ့ ညပိုင်းမှာတော့ ရွာထဲကဒေသခံတွေကို ဘုန်းကြီးကျောင်းနဲ့ လုံခြုံတဲ့အဆောက်အဦ တွေမှာ သွားရောက်ရှောင်တိမ်းခိုင်းတယ်လို့ ဆိုပါတယ်။
ဒီနေ့မနက်မှာတော့ ရွာထဲက ပြည်သူတွေကို ကတုတ်ကျင်းတူးဖော်ဖို့ လိုက်လံပြောကြားထားတယ်လို့ ကိုဇင်ကို က ဆိုပါတယ်။ အရင်က ရွာထဲမှာ ကတုတ်ကျင်းတွေ တူးထားပေမယ့်လည်း ရေကြီးတုန်းက မြေတွေ ပြန်လည်ပိတ်သွားတဲ့အတွက် နောက်ထပ်တဖန် ပြန်လည်တူးဖော်ခိုင်းခြင်းဖြစ်ပါတယ်။
ပုံစာ - လက်နက်ကြီးထိမှန်ခဲ့တဲ့ ဆင်ခြေယာရွာက နေအိမ်တလုံး။
စာတည်း - လင်းဇေ
#မြေလတ်အသံ
#မကွေးတိုင်း #ရေစကြိုမြို့ #စစ်ကောင်စီ #လက်နက်ကြီး #ဆင်ခြေယာရွာ
Share Share Share