ရေစကြိုမြို့မှာ စစ်ကောင်စီစစ်ကြောင်းကို PDF တွေ မိုင်းဆွဲ တိုက်ခိုက်

ရေစကြိုမြို့မှာ စစ်ကောင်စီစစ်ကြောင်းကို PDF တွေ မိုင်းဆွဲ တိုက်ခိုက်

မကွေးတိုင်း၊ ရေစကြိုမြို့မှာ စစ်ကြောင်းထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဒေသကာကွယ်ရေးတပ်တွေက မိုင်းဆွဲတိုက်ခိုက်ရာ ဒဏ်ရာရရှိသူ ၆ ဦးရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ရေစကြိုက သတင်းထုတ်ပြန်ထားပါတယ်။ 

ရေစကြိုမြို့၊ ရဲစခန်းကနေ ခြေလျင်ထွက်လာတဲ့အင်အား ၃၀ ပါစစ်ကြောင်းကို အောက်တိုဘာ ၁၀ ရက် မနက် ၇ နာရီခွဲခန့်မှာ မြို့အထွက် ခွားနီးစိုက်ပျိုးရေးခြံအနီးကနေ အသင့်ပြင်ထားတဲ့ ၁၂ လုံးတွဲ မိုင်းနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

“မိုင်းကွင်းထဲဝင်လာတဲ့ရှေ့ဆုံးက စစ်သားတွေကို မိုင်းဆွဲလိုက်တာမှာ  ၆ ဦးလောက်ကတော့ ရုပ်ပျက်ဆင်း ပျက်နဲ့လဲကျသွားတဲ့ လူတွေရှိသလို ပြေးထွက်သွားသူတွေလည်းရှိတယ်" လို့  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ရေစကြိုရဲ့ သတင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ 

တိုက်ခိုက်မှုအပြီးမှာ စစ်ကောင်စီတပ်ဘက်က ၄၀ မမတွေနဲ့ ပြန်လည်ပစ်ခတ်တာတွေရှိပေမယ့် တိုက်ခိုက်ရေးရဲဘော်တွေ ထိခိုက်မှုမရှိဘူးလို့ သူကဆက်ပြောပါတယ်။ 

စစ်ကောင်စီတပ်က ဒဏ်ရာရရှိသူတွေကို ခရီးသွားကားတွေကိုတားကာ ရေစကြိုဆေးရုံဘက်ကို သယ်သွားတယ်လို့ ဆိုပါတယ်။ 

လက်ရှိမှာ ရေစကြိုမြို့ပေါ်မှာ စစ်သားအင်အား အများအပြားရှိနေတဲ့အတွက် ရဲစခန်းနဲ့ ပျူစောထီးစခန်းတွေအနီးမှာ ပြည်သူတွေ နေထိုင်ခြင်းမပြုဖို့ကိုလည်း ရေစကြို ပြည်သူ့ကာကွယ်ရေးတပ်က မေတ္တာရပ်ခံထားပါတယ်။  

ပြီးခဲ့တဲ့ စက်တင်ဘာနောက်ဆုံးပတ်အတွင်းမှာလည်း ရေစကြိုမြို့နယ်၊ ကိုင်းမကြီးရွာ ဆင်တံနားကျေးနဲ့ ဆင်တံနားတောင်ပေါ် ဝန်းကျင်ကို စစ်အုပ်စုက အင်အား ၈၀ လောက်နဲ့ စစ်ကြောင်းထိုးနေလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရေစကြို (ပ.က.ဖ) က ၆၀ မမလက်နက်ကြီးတွေအပြင် မောင်းသူမဲ့လေယာဉ်နဲ့ပါတိုက်ခိုက်ခဲ့ကြပါသေးတယ်။ 

ပုံစာ - ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- ရေစကြို(ပ.က.ဖ) ရဲဘော်ကို ရှေ့တန်းတနေရာတွင် တွေ့ရစဥ်။ 

စာတည်း-လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #ရေစကြိုမြို့ #စစ်ကြောင်း #မိုင်းဆွဲတိုက်ခိုက် #ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ #PDF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10