ရေစကြိုမှာ အစည်းဝေးလုပ်နေတဲ့စစ်အုပ်စု တိုက်ခိုက်ခံရလို့  ၂ ဦးသေဆုံး

ရေစကြိုမှာ အစည်းဝေးလုပ်နေတဲ့စစ်အုပ်စု တိုက်ခိုက်ခံရလို့  ၂ ဦးသေဆုံး

မကွေးတိုင်း၊ ရေစကြိုမြို့က လက်ဖက်ရည်ဆိုင်မှာ အစည်းအဝေးလုပ်နေတဲ့စစ်အုပ်စုကို ဇန်နဝါရီလ ၂၇ ရက်ဒီနေ့မနက်က သွားရောက်တိုက်ခိုက်ခဲ့လို့ ပြည်သူ့စစ်အဖွဲ့ဝင် ၂ ဦးသေဆုံးခဲ့တယ်လို့ Myingyan Black Tiger (MBT) က သတင်းထုတ်ပြန်ထားပါတယ်။

အမှတ်၂  စည်ပင်သာယာရပ်ကွက်၊ နေရှင်နယ် လက်ဖက်ရည်ဆိုင်မှာ စစ်တပ်အရာရှိတွေနဲ့ ပြည်သူ့စစ်ခေါင်းဆောင်မြင့်ဆွေ(ခ)မောင်မြင့် ဦးဆောင်ပြီး အစည်းဝေးလုပ်နေချိန် မနက် ၈ နာရီခွဲလောက်မှာ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

"စစ်ကောင်စီကအကြီးပိုင်းတွေနဲ့ ပြည်သူစစ်ခေါင်းဆောင်မြင့်ဆွေ(ခ)မောင်မြင့်နဲ့ ပြည်သူ့စစ်အကြီးပိုင်းတွေ သူတို့တပည့်တွေအစည်းအဝေးလုပ်နေတာ၊ လူဦးရေတော့များတယ်၊ ကျနော်တို့ရုတ်တရက်ပစ်လိုက်တော့ ၂ ယောက်တော့အဲနေရာမှာပဲသေသွားတယ်၊ လက်ဖက်ရည်ဆိုင်ပိုင်ရှင်ကလည်း စစ်မှုထမ်းဟောင်းသူလည်းအတူတူပဲ" လို့ MBT အဖွဲ့ ခေါင်းဆောင်ဗိုလ်မိုက်ခဲ ကပြောပါတယ်။

စစ်အုပ်စုဘက်က ၆ ဦးလောက်လိုက်လံပစ်ခတ်ခဲ့လို ၅ မိနစ်ကြာပြန်လည်ပစ်ခတ်ရာမှာလည်း ဒဏ်ရာရရှိသူတွေရှိခဲ့ပြီး တော်လှန်ရေးရဲဘော်တွေ အန္တရာယ်ကင်းခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို Myingyan Black Tiger (MBT) အဖွဲ့က ဦးဆောင်ပြီး ညီနောင်မဟာမိတ်တွေဖြစ်တဲ့The Volue Of Youngmen၊ ချောင်းဦး (ပ.လ.ဖ)၊ မုံရွာခရိုင်တပ်ရင်း ၁၂တပ်ခွဲ ၄၊ VOMDY-Front Warrior တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ဇန်နဝါရီလ ၁ ရက်ညကလည်း Myingyan Black Tiger (MBT)နဲ့မဟာမိတ်တွေဟာ ရေစကြိုမြို့၊ အမှတ် ၁ ရပ်ကွက် ကပ်ကျော်ကျောင်းတိုက်မှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေ ဝင်ရောက်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၄ ဦးသေဆုံးခဲ့ပါသေးတယ်။ 

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10