ရေစကြိုမှာ စစ်တပ်ဂိတ်စခန်း လက်နက်ကြီးနဲ့ပစ်ခံရလို့ စစ်သား ၂ ဦးသေဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တောင်ပိုင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တနှစ်ကျော် အထိုင်ချတပ်စွဲထားတဲ့ ဂိတ်စခန်းကိုမတ် ၁၁ ရက်က လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Southern YSO PDF တပ်ဖွဲ့ဆီက သိရပါတယ်။

အဲ့ဒီ ကျောက်လှေခါးဂိတ်စခန်းမှာ စစ်တပ်အင်အား ၃၀ ကျော်ရှိပြီး လမ်းသွားလမ်းလာပြည်သူတွေကို ငွေတောင်းတာ၊ အမျိုးသမီးတွေကို မဖွယ်မရာပြောဆိုတာ၊ အနီးပတ်ဝန်း ကျင်ရှိ ကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေတာကြောင့် နေ့လယ် ၁ နာရီခန့်မှာတိုက်ခိုက်ခဲ့ရာ ၂ ဦးသေဆုံးခဲ့တာလို့ Southern YSO PDF တာဝန်ခံဗိုလ်အောင်မောင်း ကပြောပါတယ်။

စစ်ဆေးရေးအထိုင်စခန်းကို ၆၀ မမလက်နက်ကြီးနဲ့ တိုက်ခိုက်ရာ ဂိတ်စခန်းအတွင်း ၁ လုံးနဲ့ ဂိတ်မြောက်ဘက် ဆီပန့်ဆိုင်အနီး ၁ လုံးကျရောက်ခဲ့ပြီး စစ်တပ်ဘက်ကလည်း လက်နက်ကြီးနဲ့ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

လက်နက်ကြီးပစ်ခတ်လို့ ဂိတ်စခန်းက ဒဏ်ရာရစစ်သား ၃ ဦးကို ပခုက္ကူဆေးရုံကို အရေးပေါ်လမ်းများပိတ်ကာ ပို့ဆောင်ရာမှာ စစ်ကားပေါ်တင် ၂ ဦးသေဆုံးပြီး  ပခုက္ကူရင်ခွဲရုံကို ပို့ဆောင်ခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်အရ အတည်ပြုနိုင်တယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို Southern YSO PDF၊ Yesagyo Revolution Group YRG၊ ဒေါင်းစစ်သည်၊ ဒေါင်းညီနောင်၊ ပြည်သူ့အားမာန် PDF၊ ညီနောင်သုံးဖော်၊ ရေစကြိုမြို့နယ် ပလဖ၊ King Cobra စတဲ့ ညီနောင်မဟာမိတ်များက တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - HP 

#မြေလတ်အသံ

#ရေစကြို #YSOPDF #လက်နက်ကြီးပစ်ခတ် #စစ်ပွဲ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10