ရေစကြိုမှာ တရက်တည်းတိုက်ပွဲ ၄ ကြိမ်ဖြစ်ပွားခဲ့ရာ နှစ်ဖက်အကျအဆုံးရှိ

ရေစကြိုမှာ တရက်တည်းတိုက်ပွဲ ၄ ကြိမ်ဖြစ်ပွားခဲ့ရာ နှစ်ဖက်အကျအဆုံးရှိ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ် မှာ သြဂုတ် ၄ ရက်က စစ်ကောင်စီတပ်ဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ တရက်တည်း ၄ ကြိမ်တိုက်ပွဲဖြစ်ပွားလို့ နှစ်ဖက်အကျအဆုံးရှိခဲ့တယ်လို့ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။

ယမန်နေ့ နံနက် ၆ နာရီခွဲက မြေဖြူကျေးရွာမှ ထွက်လာတဲ့ အင်အား ၅၀ ကျော်ပါ စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲဖို့အတွက် သပြေပင်ရွာကနေ ထွက်လာတဲ့ ပကဖ အဖွဲ့ကို စစ်ကောင်စီတပ်က စောင့်ဆိုင်း ပစ်ခတ်လို့ ရဲဘော် ၂ ဦး ကျဆုံးပြီး ၁ ဦးဒဏ်ရာရခဲ့သလို M 22 မောင်းပြန်သေနတ် ၁ လက်ဆုံးရှုံတယ်လို့ ဆိုပါတယ်။ 

" စစ်**တွေလာမယ်ဆိုတာသိလို့ ပြည်သူတွေကို ရွာထဲကနေ ကယ်ထုတ်နေကြတာ။ တချို့ကလည်း ရွာကနေဘယ်မှ မသွားချင်ကြတာရှိတယ်။ စစ်ကြောင်းကို မိုင်းဆွဲဖို့ ရွာအပြင်ဘက်က မိုင်းကွင်းဆီ ရဲဘော်တွေသွားတယ်။ အဲ့ဒီနေရာကို စစ်သားတွေက ကြိုရောက်နေတော့ အနီးကပ်ပစ်ခတ်တာ ခံလိုက်ရတယ်" လို့ ရေစကြို ပကဖ သတင်းတာဝန်ခံက ပြောပါတယ်။

အဲ့ဒီနောက် ပကဖ ရဲဘော်တွေ နောက်ဆုတ်လိုက်ရပြီး နေ့လယ် ၂ နာရီဝန်းကျင်မှာ သပြေပင်ကျေးရွာထဲကိုဝင်ရောက်သွားတဲ့ စစ်သားတွေကို လက်လုပ်ရော့ကက် ၆၀ မမ၊ ၁၂၀ မမ တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ထိတွေ့မှုဖြစ်ပွားပြီးနောက် ညနေ ၄ နာရီကျော်မှာ စစ်ကောင်စီတပ်ဖွဲ့တွေ သပြေပင်ရွာနဲ့ရွာချင်းကပ်လျက်ရှိတဲ့ ခင်မွန်ကျေးရွာကို ထွက်လာချိန်မှာ ပကဖ ကင်းအဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီစစ်သား ၁ ဦးသေဆုံးခဲ့တယ်လို့ သတင်းတာဝန်ခံက ဆက်ပြောပါတယ်။

ထို့အတူ ညနေ ၅ နာရီလောက်ကလည်း Silingyi Special Tack Force - SSTF၊ Myaung Special Defence Force - MSDF Drone Team အဖွဲ့နဲ့ပူးပေါင်းပြီး ခလရ  ၂၅၆ တပ်တွင်းသို့ မောင်းသူမဲ့လေယာဥ်တွေနဲ့ ဗုံးသီး ၃ လုံးချတိုက်ခိုက်ခဲ့ရာ၊ ဘားတိုက်အဆောက်အဦတခု မီးလောက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ကျဆုံးရဲဘော် ၂ ဦးမှာ အယ်ဖာ ၂၅ နှစ်နဲ့ စေတန် ၁၉ နှစ်တို့ဖြစ်ပြီး ယနေ့သြဂုတ် ၅ ရက်မနက် ၈ နာရီက ရုပ်အလောင်းများ ပြန်လည်ရရှိလို့ နေ့လယ် ၁၁ နာရီလောက်မှာ မီးသဂြိုဟ်ခဲ့တယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #မကွေး #ရေစကြို #ပခုက္ကူ #ပကဖ #စစ်ကောင်စီ #ထိတွေ့မှုဖြစ်ပွား

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10