ရေစကြိုမှာ ယာဉ်တန်းလုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ် ပစ်ခတ်ခံရလို့ ၈ ဦးသေဆုံးဟုဆို

ရေစကြိုမှာ ယာဉ်တန်းလုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ် ပစ်ခတ်ခံရလို့ ၈ ဦးသေဆုံးဟုဆို

မကွေးတိုင်း ၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာ အရပ်ဖက်ယာဥ်တွေနဲ့ စာရွက်စာတန်းတွေ သယ်ဆောင်လာတာကို လုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။

အင်အား ၇၀ နီးပါးနဲ့ လုံခြုံရေးယူနေတဲ့ စစ်ကောင်စီစစ်ကြောင်းကို မတ်လ ၁၅ ရက် မနေ့က နေ့လည် ၃ နာရီခွဲလောက်မှာ မအူကျေးရွာ ပန်းခြံနား၊ ရေစကြို-ချောင်းဦးကားလမ်းနဲ့ ရထားသံလမ်းကြားမှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး တိုက်ခိုက်ချိန် နာရီဝက်ခန့်ကြာမြင့်တယ်လို့ ရေစကြို ပကဖတပ်ဖွဲ့ဝင် တဦးက ပြောပါတယ်။


''ဒိုင်နာကားကို လုံခြုံရေးယူပေးနေတဲ့ စကစတွေကို တိုက်ခိုက်ခဲ့တာပါ။ သူတို့ဘက်က သေဆုံးမှုကို ဘယ်လိုသိရလဲဆိုတော့ ထိတွေ့ပစ်ခတ်နေချိန် သူတို့ဘက်က လူ ၇ ယောက်၊ ၈ယောက်လောက်က ရှေ့ကိုတက်လာတယ်။ အဲဒီလူတွေကို ကျနော်တို့က ပစ်ခတ်ရှင်းလင်းခဲ့တာ'' လို့ ဆိုပါတယ်။

ထိတွေ့ပစ်ခတ်မှုဖြစ်ပွားနေချိန် စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တဲ့အပြင် မအူရဲစခန်းက စစ်ကူတွေ လာရောက်ပစ်ကူပေးခဲ့လို့ တဦးဒဏ်ရာရရှိခဲ့တယ်လို့ အထက်ပါ တပ်ဖွဲ့ဝင်က ဆက်ပြောပါတယ်။

''သူတို့မှာပါတဲ့ လက်နက်ကြီးတွေနဲ့ရော ရဲစခန်းကနေလက်နက်ကြီးတွေနဲ့ ပစ်ကူပေးတဲ့အတွက် ကျနော်တို့ ရဲဘော်တွေ ဆုတ်ခဲ့တယ်။ ဆုတ်ခဲ့တဲ့အချိန် ရဲဘော်တဦးရဲ့ပေါင်ကိုထိသွားတယ်'' လို့ ဆိုပါတယ်။

တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရေစကြိုမြိုနယ်(ပ.က.ဖ)၊ ပခုက္ကူခရိုင်တပ်ရင်း အမှတ်(၉)၊ Super Fighter Drone တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ သိရပါတယ်။

စာတည်း - ရင်ငြိမ်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10